COVID-19 ပိုးတွေ့လူနာ ၆၇၁ ဦးနှင့် သေဆုံးသူ ၁၁ ဦးထပ်တိုး

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၈ နာရီ၊ ညနေ ၅ နာရီခွဲနှင့် ည ၈ နာရီတို့တွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှု နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေ များ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၆၇၁ ဦးနှင့်  သေဆုံးသူ ၁၁ ဦးထပ်တိုးလာကြောင်း သိရသည်။ အဆိုပါထုတ်ပြန်ချက်များတွင် (၁၉-၉- ၂၀၂၀)ရက် ည ၈ နာရီမှ (၂၀-၉-၂၀၂၀) ရက် နံနက် ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၄၂၀ ခု၊ ဆေးသုတေသန ဦးစီးဌာန (DMR)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၁၅၈ ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၃၉၈ ခု၊ ပြည်သူ့ကျန်းမာရေး  ဓာတ်ခွဲမှုဆိုင်ရာဌာန   (မော်လမြိုင်)မှ ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၃၂၀ ခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာတစ်ခုနှင့် ရန်ကုန်မြို့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၈၃၅ ခု စုစုပေါင်းဓာတ်ခွဲနမူနာ ၃၁၃၂ ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၃၉၃ ဦး တွေ့ရှိရသည်။

(၁၉-၉-၂၀၂၀)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဓာတ်ခွဲနမူနာ ၂၂၃၅ ခု၊ ဆေး သုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲ နမူနာ ၃၉၄ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာ ဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ ၉၁၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ ၅၆၀ ခု၊ ရန်ကုန်မြို့ အမှတ်(၁)တပ်မတော် ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၈၃၅ ခု၊နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၁၈ ခုနှင့် နေပြည်တော် အမှတ်(၂)တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၂၃၀ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲ နမူနာ ၆၄ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ ရှစ်ခု၊ ပြည်သူ့ဆေးရုံကြီး ဗန်းမော်မြို့မှ ဓာတ်ခွဲနမူနာ ၂၀ ခု၊ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ၁၁ ခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ သုံးခုနှင့် ပြည်သူ့ဆေးရုံကြီးထားဝယ်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခု စုစုပေါင်း ဓာတ်ခွဲနမူနာ ၅၂၉၈ ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၆၄၂ ဦးတွေ့ရှိခဲ့သည်။ (ဓာတ်ခွဲအတည်ပြုလူနာ ၂၄၉ ဦး တွေ့ရှိကြောင်းကို (၁၉-၉-၂၀၂၀)ရက် ည ၈ နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်သည်။ ယမန်နေ့ (၁၉-၉-၂၀၂၀)ရက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများတွေ့ရှိမှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၂၀-၉-၂၀၂၀)ရက် မွန်းလွဲ ၂ နာရီအထိ ထပ်မံသေဆုံးသူရှစ်ဦးရှိသည်။ (၂၀-၉-၂၀၂၀)ရက် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်း COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၁၀၂၉ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၂၄၉ ခု၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ပထမအသုတ်ဓာတ်ခွဲနမူနာ ၂၉၉ ခု၊  ပြည်သူ့ ဆေးရုံကြီး စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ ၆၁ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့မှ   ဓာတ်ခွဲ နမူနာရှစ်ခု၊ ပြည်သူ့ဆေးရုံကြီး တာချီလိတ်မြို့မှ ဓာတ်ခွဲနမူနာ တစ်ခု၊ ပြည်သူ့ဆေးရုံကြီး မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ သုံးခု၊ ပြည်သူ့ဆေးရုံကြီး မူဆယ် မြို့မှ ဓာတ်ခွဲနမူနာ ၂၃ ခု၊ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ ဓာတ်ခွဲနမူနာလေးခု၊ ပြည်သူ့ဆေးရုံကြီး ထားဝယ်မြို့မှ ဓာတ်ခွဲနမူနာနှစ်ခု၊ ပြည်သူ့ဆေးရုံကြီး ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ နှစ်ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၁၀၀၀ မှဓာတ်ခွဲ နမူနာ ၄၃ ခုနှင့် နေပြည်တော် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ မှ ဓာတ်ခွဲနမူနာ ၄၈၅ ခု စုစုပေါင်း ၂၂၀၉ ခုအား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၂၇၈ ဦး တွေ့ရှိရသည်။

(၂၀-၉-၂၀၂၀)ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ ၅၅၄၁ ဦးရှိပြီဖြစ်သည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ အနက် စုစုပေါင်း ၁၂၆၀ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။ (၂၀-၉-၂၀၂၀) ရက် ည ၈ နာရီအထိထပ်မံသေဆုံးသူသုံးဦးရှိသည်။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများ အနက် သေဆုံးသူပေါင်း ၉၂ ဦးရှိပြီဖြစ် သည်။ (၁၉-၉-၂၀၂၀) ရက် မွန်းတည့် ၁၂ နာရီမှ (၂၀-၉-၂၀၂၀) ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသောစောင့်ကြည့်လူနာ အသစ်  ၃၉၈ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။