မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်သွေးလှူဒါန်းပွဲကျင်းပ

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင်ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၁၉ ရက်နံနက် ၁၁နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်(၉၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်စိုးဦးနှင့်တပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့ ခုတင် ၅၀၀ ဆံ့အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီး သွေးလှူခန်းမ၌ စုပေါင်းသွေး လှူဒါန်းကြသည်။ အဆိုပါ သွေးလှူဒါန်းပွဲတွင် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာနမှ ကျန်းမာရေးဝန်ထမ်းများက သွေးလှူရှင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် စေတနာသွေးသန့် သွေးလှူရှင်များအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကာ သွေးလှူရှင်များက သွေးမျိုးစုံ၁၈ အိတ်လှူဒါန်းကြသည်။ အဆိုပါ သွေးလှူဒါန်းပွဲတွင် အလှူရှင်ဦးအောင်ကို-ဒေါ်ညိုညိုသန်း၊ ဦးဇော်ခွန်း-ဒေါ်မာရွယ်မိသားစုနှင့် ဒေါ်တင့်တင့်ဝင်း မိသားစုတို့က နှာခေါင်းစည်းနှင့်အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)