ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာ၌ ချယ်ရီပန်းပွဲတော် ဖွင့်ပွဲကျင်းပပြုလုပ်

ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာ၌ ချယ်ရီပန်းပွဲတော် ဖွင့်ပွဲကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၆
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာ၌ ချယ်ရီပန်း ပွဲတော်ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန် ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ချယ်ရီပန်းပွဲတော်ဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသား များ၏ ရိုးရာအကများဖြင့် ဖျော်ဖြေမှုအားကြည့်ရှုကြပြီး ချီးမြှင့်ငွေများအသီးသီး ပေးအပ်ကာ ချယ်ရီပန်းပွဲတော်အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိ သည်။