တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ဒေသခံတိုင်းရင်းသားပြည်သူ ၃ သိန်း ၂ သောင်းကျော်အား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့

တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများအနေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ဒေသခံတိုင်းရင်းသားပြည်သူ ၃ သိန်း ၂ သောင်းကျော်အား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့

နေပြည်တော်၊ ဇန်နဝါရီ - ၆

အာရောဂျံ ပရမံ လာဘံ ဟူသည့်စကားနှင့်အညီ ကျန်းမာရေးကောင်းမွန် ခြင်းသည် လူတိုင်းအတွက် လာဘ်ကြီးတစ်ပါးဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ ပညာရေး စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ “ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာ သင်ကြားနိုင်မည်ဟူသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ မူဝါဒလမ်းညွှန်ချက် နှင့်အညီ တပ်မတော်အနေဖြင့် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေသည့်အပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန် များဖြစ်သည့် ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်း များကိုလည်း ခေတ်အဆက်ဆက်တွင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးလျက် ရှိသည်။

တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် ကြီးမား သည့် မဲမသမာမှုအခြေအနေများအရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာ၍ နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူဆောင်ရွက်ခဲ့ရသည်။ 

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူအတွက် ပေးအပ်ထားသည့် တာဝန်များကို သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင် ရမည်ဖြစ်သော်လည်း မသမာသောသူများ၏  ခြိမ်းခြောက်မှုများကြောင့် CDM လှုပ်ရှား မှုများဖြစ်ပေါ်ခဲ့ပြီး ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အခက်အခဲများကြုံတွေ့ခဲ့ရသည်။ ထိုသို့ ကြုံတွေ့ခဲ့ရပြီး ပြည်သူလူထုအတွက် အခြေခံ လိုအပ်ချက်တစ်ခုဖြစ်သည့် ကျန်းမာရေးကဏ္ဍတွင် လိုအပ်ချက်များဖြစ်ပေါ်ခဲ့မှုကြောင့်  တပ်မတော်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများတွင် တပ်မတော်သားများ၊ မိသားစုဝင်များသာမက ဒေသခံတိုင်းရင်းသား ပြည်သူများကိုပါ ကျန်းမာရေး စောင့်ရှောက်မှုများ ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုကဲ့သို့ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံနှင့် ဆေးတပ်ရင်းများ တွင် ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ရာ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ  ပြင်ပလူနာ ၃၂၉၇၅၉ ဦး၊ အတွင်းလူနာ ၉၈၃၂၈ ဦး၊ မွေးလူနာ ၁၉၅၂၆ ဦးတို့ကို ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းဆိုင်ရာရောဂါ၊ အရိုးအကြောဆိုင်ရာရောဂါ၊ အစာ အိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါ၊ နှလုံးနှင့်ဆိုင်သောရောဂါများ၊ အထွေေ‌ထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေး နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အတွင်းလူနာစုစုပေါင်း ၈၁၆ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပေါ်ခဲ့သည့် ကာလများတွင်လည်း လိုအပ်သည့် ဆေးဝါးများ၊ အောက်ဆီဂျင်များ၊ ကာကွယ်ထိန်းချုပ်ကုသရေး ပစ္စည်း များ၊ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူ လူထုတို့ပူးပေါင်း၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရောဂါပိုး တွေ့ရှိမှုနှုန်း မြင့်မားခဲ့သည့် ဇူလိုင်လ နှင့် ဩဂုတ်လတို့တွင်  ရောဂါပိုး တွေ့ရှိ မှုနှုန်း ၃၃ ဒသမ ၂ ရာခိုင်နှုန်းထိရှိခဲ့ရာမှ ယခုအချိန်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်းကို ပျမ်းမျှ ၁ ဒသမ ၃ ရာခိုင်နှုန်းအထိ လျော့ကျလာအောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။  

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH ၊ NUG အပါအဝင် အကြမ်းဖက် သမားများ၏ ခြိမ်းခြောက်မှုကြောင့် CDM လှုပ်ရှားမှုတွင် ကျန်းမာရေးဝန်ထမ်းအချို့ ပါဝင်ခဲ့သည့်အတွက် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ နှောင့်နှေးစေခဲ့သည့်အပြင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားခဲ့ ရာတွင်လည်း ပြည်သူလူထုအနေဖြင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးသည်အထိ ထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့ရသည်။ ၎င်းအပြင် မြို့ပြနှင့်အလှမ်းဝေးသည့်ဒေသများ တွင် ကျန်းမာရေးဝန်ထမ်းအချို့၏ CDM တွင် ပါဝင်ခဲ့မှုကြောင့် အချို့ဆေးရုံ၊ ဆေးခန်း များ ပိတ်ခဲ့ရပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နှောင့်နှေးမှုများ များပြားစွာဖြစ်ပေါ်ခဲ့သည်။ 

ထိုသို့အခက်အခဲများဖြစ်ပေါ်လာသဖြင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်‌သောအဖွဲ့များက သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ဆေးပေးခန်းများသို့သွားရောက်၍ ပိတ်ထားရသည့် ဆေးရုံ၊ ဆေးခန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ဆောင် ခဲ့ရာတွင်လည်း မသမာသောသူများ၏  ခြိမ်းခြောက်လှုံ့ဆော်မှုများကြောင့် ကန့်ကွက် ဆန္ဒပြမှုအချို့ကို ကြုံတွေ့ခဲ့ရ သည်။ ယင်းသို့ အခက်အခဲနှင့် အနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသော်လည်း တပ်မတော်ဆေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖွဲ့စည်းရရှိနိုင်သည့် အင်အားများကိုစုဖွဲ့ကာ ပြည်သူလူထု၏အကျိုးကိုရှေးရှု၍ အကောင်းဆုံးကြိုးပမ်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တပ်မတော်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရုံမက တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ နယ်လှည့်ဆေးကုသရေးအဖွဲ့များဖြင့်လည်း ဒေသခံပြည်သူများကို ကျန်း မာရေးစောင့်ရှောက်မှုများ၊ ကိုဗစ်-၁၉ ရောဂါအပြင် အခြားရောဂါများနှင့်ပတ်သက် သည့် အသိပညာပေးဟောပြောမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့များတွင် ခေတ်မီရွေ့လျားခွဲစိတ်ကုသယာဉ်၊ ဓာတ်မှန်ရိုက် ယာဉ်များပါဝင်ခြင်း၊ ဆေးကုသမှုအတွေ့အကြုံများသည့် ဝါရင့်ပါရဂူများပါဝင်ခြင်း စသည်တို့ကြောင့် အသက်အန္တရာယ်ရှိသည့် ရောဂါဝေဒနာရှင်များအား အချိန်မီ အရေးပေါ် ကုသပေးနိုင်ခဲ့ခြင်း၊ နီးစပ်ရာတပ်မတော်ဆေးရုံများသို့ အချိန်မီ ပို့ဆောင် ကုသပေးနိုင်ခဲ့ခြင်းတို့ကြောင့် ပြည်သူလူထု၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ သည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေး ကဏ္ဍ အရှိန်အဟုန်မြှင့်တင်ရေးတွင် စဉ်ဆက်မပြတ် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။