အာဆင်နယ်နှင့် လီဗာပူးအသင်းတို့ ကစားမည့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များကို ဇန်နဝါရီ ၁၃ ရက်နှင့် ၂ဝ ရက်တို့တွင် ပြန်လည် ကျင်းပမည်

အာဆင်နယ်နှင့် လီဗာပူးအသင်းတို့ ကစားမည့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်များကို ဇန်နဝါရီ ၁၃ ရက်နှင့် ၂ဝ ရက်တို့တွင် ပြန်လည် ကျင်းပမည်

ကိုဗစ်-၁၉   ရောဂါကြောင့်   ရွှေ့ဆိုင်းခဲ့ရသည့် အာဆင်နယ်နှင့်    လီဗာပူးအသင်းတို့ ကစားမည့်  ကာရာဘောင်းဖလားပြိုင်ပွဲ   ဆီမီးဖိုင်နယ်အဆင့် ပထမ အကျော့ပွဲစဉ်ကို ဇန်နဝါရီ  ၁၃  ရက်နှင့် ၂ဝ  ရက်တို့တွင် ပြန်လည် ကျင်းပမည်ဟု   ပြိုင်ပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်ခဲ့ကြောင်း   သိရသည်။

အာဆင်နယ်အသင်းနှင့် လီဗာပူးအသင်းတို့သည် ကာရာဘောင်း ဖလားပြိုင်ပွဲ   ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ဇန်နဝါရီ  ၆  ရက်တွင် အာဆင်နယ်အသင်း အိမ်ကွင်း၌ ကစားရမည်ဖြစ်ပြီး အဆိုပါ ပွဲစဉ်မတိုင်မီ  လီဗာပူးအသင်းတွင်  ကစား သမားအများစု ကိုဗစ်-၁၉ ရောဂါကူးစက် ခံထားရပြီး   ကျန်ကစားသမားများကိုလည်း   စောင့်ကြည့်နေရသည့် အနေအထားကြောင့် ပွဲကစားရန် ကစားသမား မလုံလောက်သည့်အတွက်  ပြိုင်ပွဲကို ရွှေ့ဆိုင်းပေးရန် လီဗာပူးအသင်းက   တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရေး ကော်မတီကလည်း   ပြိုင်ပွဲကို ဆက်လက်ကစားရန် မဖြစ်နိုင်သည့်အခြေအနေများကြောင့်  ပြိုင်ပွဲကို ရွှေ့ဆိုင်းရန် သဘောတူ ပေးခဲ့သည်။ပထမအကျော့ပွဲစဉ်ကို  ယခင်က  ဒုတိယအကျော့ ကစားရန် သတ်မှတ်ထားသည့်  ဇန်နဝါရီ  ၁၃ ရက် တွင်    အာဆင်နယ်အသင်း အိမ်ကွင်း၌ ကစားမည်ဖြစ်ပြီး  ဒုတိယအကျော့ပွဲစဉ်အဖြစ်  လီဗာပူးအသင်း အိမ်ကွင်း၌ ဇန်နဝါရီ ၂ဝ ရက်တွင် ကစားရမည်ဖြစ် သည်။

လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင်အသင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့်တက်နေသည့်အတွက်  ပရီးမီးယားလိဂ်ပွဲစဉ် အများအပြားကို  ရွှေ့ဆိုင်းခဲ့ပြီးနောက်   လက်ရှိတွင်လည်း  ကာရာဘောင်းဖလား ပြိုင်ပွဲ  ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်ကိုပါ  ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။