တောင်ငူတပ်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံ၊ တိုက်ကျွေး

တောင်ငူတပ်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား ကာကွယ် ဆေးထိုးနှံ၊ တိုက်ကျွေး

 
နေပြည်တော်၊ ဇန်နဝါရီ - ၇

 
တောင်ငူတပ်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက်ကလေးငယ် များအား ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် နယ်မြေခံ တပ်မတော်ဆေးရုံမှ ပါရဂူများ၊ ဆရာဝန်များနှင့်သူနာပြုများက ကိုယ်ဝန်ဆောင်မိခင် ၇ ဦးနှင့် ကလေးငယ် ၄၁ ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ၅ မျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ် ရောင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့ကြကြောင်း သတင်းရရှိသည်။