မန်ယူအသင်းက အသင်းမှ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို လက်မလွှတ်လိုသည့်အတွက် ပရီးမီးယား လိဂ်တွင် လုပ်ခလစာ အမြင့်ဆုံးကစားသမား ဖြစ်လာစေမည့် လုပ်ခလစာဖြင့် သက်တမ်းတိုးစာချုပ် ချုပ်ဆို ရန် ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
၂၀၁၆ ခုနှစ်က ဂျူဗင်တပ်စ်အသင်းမှ မန်ယူအသင်းသို့ တစ်ကျော့ပြန်လည် ပြောင်းရွှေ့လာခဲ့သည့် ပေါ့ဂ်ဘာ သည် ယခုဘောလုံးရာသီ အကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ပြင်ဆင်နေသူဖြစ်သည်။
မန်ယူအသင်းက ပေါ့ဂ်ဘာကို ယခုဘောလုံး ရာသီအစပိုင်းကတည်းက သက်တမ်းတိုးစာချုပ် ချုပ်ဆို ရန် ကမ်းလှမ်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ပေါ့ဂ်ဘာကိုယ်တိုင်က မန်ယူအသင်းတွင် ဆုဖလား ရရှိခြင်း မရှိသည့်အတွက် အသင်းပြောင်းရွှေ့လိုသော ကြောင့် စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းဆိုထားခြင်း ဖြစ်သည်။
လက်ရှိတွင် ပေါ့ဂ်ဘာသည် မန်ယူအသင်း၌ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၂၉၀၀၀၀ သာရရှိနေ ပြီး လက်ရှိတွင် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၅၀၀၀၀၀ အထိ တိုးမြှင့်ပေးကာ ကမ်းလှမ်းမှုများ ပြုလုပ်ထားပြီး လက်ခံမည်ဆိုပါက ပရီးမီးယားလိဂ်တွင် လုပ်ခလစာ အမြင့်ဆုံး ကစားသမားဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။
Ref;Manchester Evening News