တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၉

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကို ဆက်လက် ကျင်းပလျက်ရှိသည်။

ယနေ့ညနေ ၃ နာရီတွင် အုပ်စုပတ်လည် ပြိုင်ပွဲပွဲစဉ်များအဖြစ် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်း ကွင်းအမှတ်(၁)၌ ပဲခူးတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း ကွင်းအမှတ်(၃)၌ ရခိုင်ပြည်နယ်အသင်းက   ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၅ဂိုး-၁ဂိုးဖြင့် လည်းကောင်း အနိုင်ရရှိသည်။

ယနေ့ပွဲစဉ်များတွင် (Women of the match) ဆုရရှိခဲ့ကြသည့် ကချင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၈) မဂျာထွယ်ဘောက် နှင့် ရခိုင်ပြည်နယ်အသင်းမှ ကျောနံပါတ်(၆) မလှမြတ်သူတို့ နှစ်ဦးအား ဆုငွေကျပ် ၅ဝဝဝဝ စီကို တာဝန်ရှိသူများက ပေးအပ်ကြသည်။

အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်   ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဦးထွန်းမြင့်ဦး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့်   ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။