မေဂျာလိဂ်ကလပ် တိုရွန်တိုအသင်းက နာပိုလီအသင်း တိုက်စစ်မှူး အစ်ဆစ်ဂ်နီကို လေးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ကြောင်း အတည်ပြု ကြေညာ
မေဂျာလိဂ်ပြိုင်ပွဲဝင် ထိပ်သီးအသင်းတစ်သင်း ဖြစ်သည့် တိုရွန်တိုအသင်းက နာပိုလီအသင်း တိုက်စစ်မှူး အစ်ဆစ်ဂ်နီကို လေးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ပြီဖြစ် ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၃ဝ အရွယ် အစ်ဆစ်ဂ်နီသည် နာပိုလီအသင်း၌ ခြေစွမ်းပြလျက်ရှိပြီး အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူထားသူ ဖြစ်သော်လည်း ယခုဘောလုံးရာသီ အကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
အစောပိုင်းက အစ်ဆစ်ဂ်နီကို နာပိုလီအသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း နည်းပါးသည့် လုပ်ခလစာဖြင့်သာ ကမ်းလှမ်းခြင်းဖြစ်သောကြောင့် အစ်ဆစ်ဂ်နီ ကိုယ်တိုင်က ကာလရှည်ကစားခဲ့သည့် နာပိုလီအသင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အစောပိုင်းက အစ်ဆစ်ဂ်နီကို အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သည့်အတွက် ဥရောပ ထိပ်တန်းအသင်းကြီးများ ဖြစ်သော ဘိုင်ယန်မြူးနစ်နှင့် စပါးအသင်းတို့က ခေါ်ယူရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း အစ်ဆစ်ဂ်နီကိုယ်တိုင်က မြင့်မားသည့် လုပ်ခလစာပေးနိုင်မည့် တိုရွန်တိုအသင်းကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အစ်ဆစ်ဂ်နီသည် ယခုဘောလုံးရာသီ ကုန်ဆုံးချိန်အထိ နာပိုလီအသင်း၌သာ ကစားမည်ဖြစ်ပြီး ဇူလိုင် ၁ ရက်မှသာ တိုရွန်တိုအသင်းနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။