COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပစ္စည်းများနှင့်အလှူငွေများ လာရောက်လှူဒါန်း

COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပစ္စည်းများနှင့်အလှူငွေများ လာရောက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၁
    
COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ လာရောက် လှူဒါန်းသည်။
    
ဦးစွာ အလှူရှင် ဦးရဲအောင်အောင်တင်(ခ)ဦးစိန်လွင်က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်ဖြစ်သည့် ဦးရဲအောင်အောင်တင် + ဒေါ်သင်းသင်းအိ ( King Royal Technologies Co,Ltd )မိသားစုက Surgical Mask ၂၅၀၀၀ ခုနှင့်အလှူငွေကျပ်သိန်း ၅၀ တို့ကိုပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။