ထူးကဲဒီရေမြင့်တက်မှုကြောင့် သာကေတမိကျောင်းမွေးမြူရေး စခန်းအတွင်း ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သော်လည်း မိကျောင်းများ၏ လုံခြုံရေးနှင့် ပတ်သက်ပြီး စိုးရိမ်စရာမရှိ

ရန်ကုန်တိုင်းဒေသကြီး  သာကေတမြို့နယ်ရှိ သာကေတမိကျောင်းမွေးမြူရေး စခန်းအတွင်း စက်တင်ဘာ ၂၀  ရက် နံနက်ပိုင်းက ထူးကဲဒီရေမြင့်တက်မှုကြောင့် ရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သော်လည်း မိကျောင်းများ၏ လုံခြုံရေးနှင့်     ဝန်ထမ်းများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စိုးရိမ်စရာမရှိကြောင်း  အဆိုပါစခန်းဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမင်းလှိုင်၏ ပြောကြားချက်အရ သိရသည်။

၂၀၀၈ ခုနှစ်လောက်တုန်းက အခုလို ထူးကဲဒီရေ ပေလောက်အထိ တက်ဖူးတယ်။ အဲဒီတုန်းကတည်းက ကျွန်တော်တို့ က ကြိုတင်ပြင်ဆင်ထားတယ်။ ဒါကြောင့် လက်ရှိထက် ပေလောက်တက်လည်း စိုးရိမ်စရာမရှိပါဘူး။   မိကျောင်းတွေရဲ့ လုံခြုံရေးနဲ့ ဝန်ထမ်းတွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ဆောင်ထားတာ ကြောင့် စိုးရိမ်စရာမရှိပါဘူးဟု ဒေါက်တာ မျိုးမင်းလှိုင်က ပြောသည်။

သာကေတ မိကျောင်းမွေးမြူရေး စခန်းသည် ငမိုးရိပ်ချောင်း အနီး၌ တည်ရှိပြီး နှစ်စဉ် ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလ တို့တွင် ထူးကဲဒီရေမြင့်တက်ကာ ရေကြီး ရေလျှံမှုများ နှစ်စဉ်တွေ့ကြုံရလေ့ ရှိကြောင်း သိရသည်။

နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိပြီ ဖြစ်သည့် သာကေတမိကျောင်းမွေးမြူရေး စခန်းသည် မိကျောင်းကောင်ရေ ၅၀၀ ကျော် မွေးမြူထားသည့်  မြန်မာနိုင်ငံ၏  တစ်ခုတည်းသော မိကျောင်းမွေးမြူရေး စခန်းဖြစ်ကြောင်း  သိရသည်။               

အိအိ