၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ် သုံးလတာ ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၉၁ သန်းကျော် ရရှိပြီးဖြစ်
၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သုံးလတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၉၁ သန်း ကျော် ရရှိပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရ သည်။
အဆိုပါကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၃၃၄၆၁၂ ဒသမ ၆၉၆ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၇၃ ဒသမ ၅၆၅ သန်းနှင့် နယ်စပ် ကုန်သွယ်ရေးမှ ၁၉၆ဝ၅ ဒသမ ၄၆၈ တန်တင်ပို့ကာ အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၃၂၆ သန်းရရှိသည့် အတွက် စုစုပေါင်း ပဲမျိုးစုံ ၃၅၄၂၁၈ ဒသမ ၁၆၄ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၉၁ ဒသမ ၈၉၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် မတ်ပဲ၊ ပဲတီ စိမ်း၊ ပဲတီစိမ်းလုံးခြမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ပဲကတ္တီပါ(စွန်တာနီ)၊ စွန် တာပြာ၊ ပဲဖြူလေး၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်၊ ပဲနီပြား၊ နိုင်လွန်ပဲ၊ မြေပဲ(အခွံပါ)၊ မြေပဲ ဆန်နှင့် တခြားပဲအမျိုးမျိုးတို့ကို ပြည်ပသို့ တင်ပို့နေခြင်းဖြစ်သည်။
ပြည်တွင်းရှိ စိုက်ပျိုးမြေဧက၏ ၂ဝ ရာခိုင်နှုန်းခန့်တွင် ပဲမျိုးစုံစိုက်ပျိုးပြီး ၇ဝ ရာခိုင်နှုန်းကျော်တွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့စိုက်ပျိုးကာ ပဲလွမ်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် တခြားပဲများကိုလည်း စိုက်ပျိုး ကြကြောင်း သိရသည်။