ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီး

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ ၁၃
    
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား နေမှုအား မလိုလားသူ ဆူပူအကြမ်းဖက်သူများက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ဒိုင်းတရာကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင် ပစ္စည်းများအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မီးလောင်မှုကြောင့် အဆိုပါကျောင်းဝင်းအတွင်းရှိ (၉၀x၃၀)ပေ ကွန်ကရစ်ခင်း၊ အုတ်ကာ၊ သွပ်မိုး (၃)ခန်းတွဲ ကျောင်းဆောင်၏ အစွန်ဆုံးအခန်း အတွင်းရှိ ကော်ထိုင်ခုံ ၄ ခုံ၊ အမှိုက်ပုံး ၂ ပုံး၊ စာသင်ခုံ ၂၅ ခုံ၊ White Board ၁ ခု၊ ကော်ပုံး ၁ ခုတို့ မီးလောင်ပျက်စီးကာ မှန်ပြတင်းပေါက် ၃ ချပ်ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။ 
    
ထိုကဲ့သို့ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းပိုင်ပစ္စည်းများအား မီးရှို့ဖျက်ဆီး ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။