နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖ များအား တွေ့ဆုံအမှာစကားပြောကြား
နေပြည်တော်၊ ဇန်နဝါရီ - ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဖဒိုမန်းငြိမ်းမောင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဦးရွှေလေး၊ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က ဒေသဆိုင်ရာအချက် အလက်များ၊ ရေထွက်သယံဇာတများ ထုတ်လုပ်ရေးနှင့် မွေးမြူရေး ဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ရေပေးဝေရေးစီမံကိန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရေချိုရေသန့်ဖူလုံစွာသုံးစွဲနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် ရေထွက်ပစ္စည်းကုန်ချော ထုတ်လုပ် မည့် စက်မှုဇုန်တည်ဆောက်ရန် လျာထားစီမံကိန်းဆောင်ရွက်နေမှု အခြေအနေများ၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ရေအားလျှပ်စစ်စီမံကိန်းများရှိ ဓာတ်အားပေးစက်ရုံများ ကို စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းပြီး လျှပ်စစ်ဓာတ်အားများကို ဖြန့်ဝေသုံးစွဲနိုင် မည့် အခြေအနေများနှင့် လေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်နေမှု အခြေအနေ များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာအချက်အလက်များ၊ ပန်းခင်းစီမံချက်ဖြင့် အသက် အရွယ်ပြည့်မီသူ နိုင်ငံသားတိုင်းနိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေး ဆောင်ရွက် နေမှု အခြေအနေများ၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်း တင်ပြသည်။
တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးခင်ရီ၊ ဒေါက်တာညွန့်ဖေ၊ ဦးရွှေလေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း တို့က သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဆောင်ရွက်နေမှု အခြေအနေ များအား ပြန်လည်ရှင်းလင်း ပြောကြားရာ၌ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ဘုတ်ပြင်း တို့တွင် လေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲခွင့်ပြုပေးထားသည့် အခြေအနေများ၊ ရထားပို့ဆောင်ရေးတွင် ခရီးသည်များပိုမိုလိုက်ပါနိုင်စေရေးနှင့် ကုန်စည်စီးဆင်းမှု များ ပိုမိုမြန်ဆန်စေရေးတို့အတွက် လမ်းကြောင်းသစ်များကို သုတေသနပြု ရွေးခြယ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ပို့ဆောင် ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက်များအား အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း မြေသယံဇာတများ ပေါကြွယ်ဝစွာရှိသည့် အတွက် ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ စက်မှုလယ်ယာ လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အောင်မြင်အောင် လုပ်ဆောင်နိုင်မည့် အခြေအနေများ၊ ငါးသယံဇာတ ထုတ်ယူမှုတွင် သဘာဝအတိုင်း ထုတ်ယူခြင်းအပြင် ဈေးကွက်မှလက်ခံနိုင်သည့် သဘာဝအတိုင်း လှောင်၍မွေးမြူသည့် နည်းစနစ်ဖြင့် မွေးမြူထုတ်လုပ်နိုင်ရေး လုပ်ဆောင်နေသည့် အခြေအနေများ၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးတက်ရေး အတွက် အသေးစား၊ အလတ်စားလုပ်ငန်းများလုပ်ဆောင်နိုင်ရေး နည်းပညာ မျှဝေပေးခြင်းများ၊ အရင်းအနှီးများ မတည်ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ပေး လျက်ရှိသည့် အခြေအနေများ၊ တိုင်းဒေသကြီးအတွင်းရှိ မြေပေါ်၊ မြေအောက်၊ ရေပြင်၊ ရေအောက်သယံဇာတများနှင့် သဘာဝပတ်ဝန်းကျင် ကောင်းမွန် မှုအခြေအနေများကို ဆက်လက် ထိန်းသိမ်းရေးနှင့် အဏ္ဏဝါဂေဟစနစ် ပျက်ယွင်းမှု မရှိစေရေး နိုင်ငံတော်အဆင့်ဖြင့် စနစ်တကျစီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများကို ပေးဆောင်ရသည့် ဓာတ်အားခနှင့် ကိုက်ညီစွာသုံးစွဲနိုင်ရေး၊ နိုင်ငံအဝန်း လျှပ်စစ်ဓာတ်အားများကို အပြည့် အဝဖြန့်ဖြူး နိုင်ရေးတို့အတွက် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် စီမံကိန်းများကို ဆောင်ရွက်နေ သည့် အခြေအနေများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာနအနေဖြင့် ပန်းခင်းစီမံချက်ကို နိုင်ငံတော်စီမံချက်အဖြစ် ဆောင်ရွက်၍ အသက် အရွယ်ပြည့်မီသူ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိစေရေး အခြား ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ထားဝယ်တက္ကသိုလ်၊ မြိတ် တက္ကသိုလ် တို့တွင် ယခင်သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များအပြင် စီးပွားရေး ဆိုင်ရာ ဘာသာရပ်နှင့် ဥပဒေဆိုင်ရာ ဘာသာရပ်များကိုပါ သင်ကြားပေးနိုင်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် ဒေသနှင့် ကိုက်ညီသည့်ရေထွက်သယံ ဇာတထုတ်ယူခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် အဏ္ဏဝါသိပ္ပံ ဘာသာရပ် လေ့ကျင့်ရေးစခန်းတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်ရေးအတွက် လမ်းနှင့် တံတားများကို အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက် ရှိသည့် အခြေအနေများနှင့် ကျေးလက်လမ်းတံတားများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း တနင်္သာရီတိုင်း ဒေသကြီးအနေဖြင့် ရောဂါကူးစက်ဖြစ်ပေါ်ခဲ့မှု အခြေအနေများနှင့် လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါပိုး အတည်ပြုလူနာ တွေ့ရှိမှုနှုန်းကို လျှော့ချနိုင်ခဲ့ပြီးဖြစ်သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း ဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေးထိုး လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိပြီး တနင်္သာရီ တိုင်းဒေသကြီးအတွင်း ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့်အတွက် နိုင်ငံရေးအရ အရေး ပေါ်အခြေအနေ ကြေညာခဲ့ရပြီး နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ် ကြောင်း၊ တပ်မတော်အနေဖြင့် ထိုကဲ့သို့မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်း ဆောင်ရွက် ပေးရန် မည်သို့ပင်ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူများအနေဖြင့် ဖြေရှင်းဆောင်ရွက် ပေးခဲ့ခြင်း မရှိခဲ့ ကြောင်း။
တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာခဲ့ခြင်းပင်ဖြစ်သည့်အတွက် ပြည်သူတို့လိုလားတောင့်တနေရသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင် မာမာလျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ယခင်တပ်မတော်အစိုးရလက်ထက် ဒီမို ကရေစီ မကူးပြောင်းမီကာလများတွင် နိုင်ငံတကာတွင်ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီ ကျင့်သုံးပုံများကို လေ့လာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအဆင့်ဆင့်ကို ပုံဖော် ခဲ့ရကြောင်း၊ ၂၀၀၈ ခုနှစ်တွင် မဲပေးပိုင်ခွင့်ရှိသူ၏ ၉၂.၁၈ ရာခိုင်နှုန်းကျော် ထောက်ခံ မှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို အတည်ပြုခဲ့ပြီး ပြည်သူတို့ လိုလား တောင့်တသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့ ကြောင်း၊ ဒီမိုကရေစီပထမသက်တမ်းကာလ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အကြပ်အတည်းများ၊ ပြင်ပ နိုင်ငံ များ၏ ဖိအားပေးမှုများနှင့် လက်နက်ကိုင် ပဋိပက္ခများအကြား ခက်ခက်ခဲခဲဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ရကြောင်း။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရရှိခဲ့ပြီး နိုင်ငံတော်ကို အုပ်ချုပ် ခဲ့ရာတွင် မဲဆွယ်စည်းရုံးစဉ်ပြောကြားချက်များ၊ ကတိ၊ ကဝတ်များကို အကောင် အထည် ဖော်ဆောင်မှုအားနည်းချက်နှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကြောင့် ပြည်သူလူထုအနေဖြင့် ရွေးကောက်တင်မြှောက်သည့် အစိုးရအပေါ် ယုံကြည်မှု နည်းပါး လာပြီး No Vote လှုပ်ရှားမှုများ ဖြစ်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် NLD အစိုးရအနေဖြင့် ရွေးကောက်ပွဲအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် ခဲ့ကြောင့်၊ ရွေးကောက်ပွဲအကြိုကာလ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီရွေးကောက်ပွဲလုပ်သည့်အခါတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ၁၄ ရာခိုင်နှုန်းခန့်သာ မဲပေးခဲ့ပြီး လူဦးရေ ၁၀၀ ဦးလျင် ၁၄ ဦးခန့်သာ မဲပေးခဲ့သည်ကို တွေ့ရှိကြောင်း၊ ထို့ကဲ့သို့ No Vote လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းဖြင့် တရားမျှတ သည့် ရွေးကောက်ပွဲဖြစ်မည်မဟုတ်ဘဲ ဆန္ဒမဲပေးသူများအနေဖြင့် မိမိတို့ဆန္ဒနှင့် ကိုက်ညီသည့် ရွေးကောက်ခံအစိုးရကို ရရှိနိုင်မည်မဟုတ်သဖြင့် မိမိအနေဖြင့် ရောက် သည့်နေရာတိုင်းတွင် ဆန္ဒမဲများပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း။
NLD အစိုးရအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပေါ်နေသည့် No Vote လှုပ်ရှားမှုများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲ အတွေ့ အကြုံများအရ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ ပါတီများ၏ မဲဆွယ် စည်းရုံးရေး ဆောင်ရွက်မှုများတွင်လည်း အမိန့်အမျိုးမျိုးထုတ်ပြန်ခဲ့ကြောင်း၊ ရွေးကောက် ပွဲရလဒ်များကြေညာသည့်အချိန်တွင် မဖြစ်နိုင်သည့် မသင်္ကာဖွယ်ရာ မဲရလဒ်များ ထွက်ပေါ်လာခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး တစ်ခုတည်း အတွင်း၌ပင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၃ သိန်း ၄ သောင်းကျော်ရှိခဲ့ပြီး ထိုအထဲတွင် အသက် ၁၀၀ နှစ်အထက် ၇၀၈ ဦးအထိ ပါဝင်နေသည်ကို စိစစ် တွေ့ရှိရကြောင်း၊ ထို့ကြောင့် တပ်မတော်မှ မဲစာရင်းများအား ကျွမ်းကျင် ကွန်ပြူတာ ပညာရှင်များဖြင့် စိစစ်ဆောင်ရွက်ခဲ့ရာတွင် မဲမသမာမှုပြုနိုင်သည့် မဲစာရင်းများ တွေ့ရှိ ရပြီး သတင်းများထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ မဲစာရင်းများ ကြီးမားစွာ ကွဲလွဲနေမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိသူအဖွဲ့အစည်း အဆင့်ဆင့်သို့ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်၏ အာဏာ ကိုအဓမ္မရယူရန် ကြိုးပမ်းလာခဲ့သောကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေ အဖြစ် ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက်အရ တပ်မတော်က နိုင်ငံတော်၏ တာဝန်များကို တာဝန်ယူထိန်းသိမ်း ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။
မိမိတို့အနေဖြင့် နိုင်ငံတော်၏ အာဏာကို သိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာမှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်သဖြင့် နိုင်ငံ တော်၏ တည်ဆဲဥပဒေဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အတိုင်းသာ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းရာတွင် တပ်ဘက်၊ အရပ်ဘက် မျှတအောင်ဖွဲ့စည်းခဲ့ပြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အုပ်ချုပ်ရေးကောင်စီများ ဖွဲ့စည်း ရာတွင် အရပ်သားများဖြင့် အရပ်ဘက်အုပ်ချုပ်ရေးကိုသာ ဆက်လက်ဆောင်ရွက် စေခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ တော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် ၉ ရပ်ချမှတ်၍ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ပါဝင်သည့် ပထမအချက်ဖြစ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့် ဆက်လက်လုပ်ဆောင်မည် ဆိုသည့်အတိုင်း မဲစာရင်းမှားယွင်းမှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း။
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကာကွယ်ရေးလုပ်ငန်းများသည် အလွန် အရေးကြီးပြီး မိမိတို့အနေဖြင့် တတိယလှိုင်းဖြစ်ပေါ်ခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လ တို့တွင် အခက်အခဲမျိုးစုံကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ လူ့အသက်ထက် အရေးကြီးတာ ဘာမှ မရှိသည့်အတွက် ကျန်းမာရေးဝန်ထမ်းအခက်အခဲ၊ ကာကွယ် ကုသ ထိန်းချုပ်ရေး ဆေးဝါးများ၊ ပစ္စည်းများ စသည့် အခက်အခဲပေါင်းစုံကြားမှ ကြံ့ကြံ့ ခံဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးရရှိရေးအတွက် ယခင်အစိုးရ လက်ထက်တွင် အိန္ဒိယမှ မှာယူထားခဲ့ပြီးဖြစ်သော်လည်း အိန္ဒိယနိုင်ငံတွင် ရောဂါဖြစ် ပွားမှုများ များပြားလာသည့်အတွက် ရောက်ရှိခဲ့ခြင်းမရှိခဲ့ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးရရှိရေးအတွက် နိုင်ငံပေါင်းစုံနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ကာကွယ် ဆေးထိုးနှံမှုလုပ်ငန်းများကို ရည်မှန်းဆောင်ရွက်ခဲ့သည့် အတိုင်း ဒီဇင်ဘာလကုန်တွင် ၅၀ ရာခိုင်နှုန်းကျော်အထိ ထိုးနှံဆောင်ရွက် ပေးနိုင်ခဲ့ ကြောင်း။
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်ပြီး အခြေခံရှိသည့် တိုင်းပြည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက် ရေးအတွက် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရန်၊ ဆက်သွယ်ရေးစနစ် လျင်မြန် ကောင်းမွန်ရန်၊ လျှပ်စစ်စွမ်းအားရရှိရန် လိုအပ်မည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး ကောင်းမွန်ရမည်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ယခုနှစ်သည် စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်သည့်အတွက် စိန်ရတုအကြိုကာလဖြစ်ကြောင်း၊ ၇၅ နှစ်တာကြာခဲ့ပြီဖြစ်သည့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ငြိမ်းချမ်းရေးရရှိရန်မှာ အရေးကြီးကြောင်း၊ နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ ဘာသာရေး အရ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး မိမိတို့လျှောက်လှမ်းနေသည့် ပါတီစုံ လမ်းကြောင်းကို လျှောက်လှမ်းရာတွင် တစ်ယောက်တစ်မျိုးဖြစ်နေ၍ရမည် မဟုတ်ဘဲ နိုင်ငံသားတိုင်း တူညီသည့် အခွင့်အရေးရရှိရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)တွင်လည်း နိုင်ငံသားတစ်ဦးချင်း၏ ရပိုင်ခွင့်နှင့် ပတ်သက် ၍ အတိအလင်းပြဌာန်းထားပြီးဖြစ်ကြောင်း၊ ငြိမ်းချမ်းခြင်းမရှိပါက မှန်ကန်မျှတသည့် ရွေးကောက်ပွဲဖြစ်နိုင်မည်မဟုတ်ဘဲ ငြိမ်းချမ်းရေးတွင် လက်နက်ကိုင်အဖွဲ့အစည်း အားလုံး ဥပဒေနှင့်အညီ ပါဝင်လာမှသာလျင် လွတ်လပ်ပြီးတရားမျှတသည့် ရွေး ကောက်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး ရရှိရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများကို ပြုလုပ်ဆောင်ရွက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် NCA တွင် လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်းများ ပါဝင်လာနိုင်စေရေး အလွတ်သဘော ဆွေးနွေးမှုများဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း။
လူတို့တွင် တိုးတက်ကြီးပွားလိုစိတ်ရှိပါက ရပ်နေ၍ ရမည်မဟုတ်ဘဲ လုပ်ကိုင် ဆောင်ရွက်နေမှသာလျင် တိုးတက်မှုများဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း တိုးတက်မှုဖြစ်ပေါ်လာအောင် မလုပ်ဆောင်နိုင်ပါက ပြိုကျသွားနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဆန်ဖူလုံမှု ၇၀ ရာခိုင်နှုန်းသာရှိပြီး လိုအပ်သည် များကို ပြင်ပမှ ဝယ်ယူနေရသည်ကို တွေ့ရှိရကြောင်း၊ စားကုန်၊ သုံးကုန်၊ သောက်ကုန် ပစ္စည်းများကို မိမိဒေသအတွင်း၌ ဖူလုံအောင် ဆောင်ရွက်နိုင်မည်၊ ထုတ်လုပ်နိုင် မည်ဆိုပါက ဒေသတွင်းရှိ ငွေကြေးများ ပြင်ပသို့ရောက်ရှိတော့မည် မဟုတ်ဘဲ ဒေသ တွင်း ငွေကြေးလည်ပတ်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကာ ဒေသခံများ၏ ချမ်းသာ ကြွယ်ဝမှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ဆန်အထွက်နှုန်း တစ်ဧက တင်း ၇၀ ခန့်သာရှိသဖြင့် တင်း ၁၀၀ ထွက်အောင်ကြိုးစားဆောင်ရွက်ပြီး ဒေသတွင်း ဆန်ဖူလုံမှု ရှိအောင် လုပ်ဆောင်ကြစေလိုကြောင်း။
မည်သည့် စိုက်ပျိုးရေးကို လုပ်ဆောင်သည်ဖြစ်စေ မျိုး၊ မြေ၊ ရေ၊ နည်း ကောင်းမွန်ပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ မျိုးကောင်းရမည်၊ မြေကိုစနစ်တကျ ပြုပြင်ရမည်၊ သဘာဝ မြေဩဇာများကို ထုတ်လုပ်၍ နည်းစနစ်တကျသုံးစွဲနိုင်ရမည်၊ အထွက်နှုန်း ကောင်းမွန်မည့် မှန်ကန်သည့် စိုက်နည်းစနစ်များကို အသုံးပြုရမည် ဖြစ်ပြီး မွေးမြူရေးဆောင်ရွက်သည် ဖြစ်စေ၊ စိုက်ပျိုးရေးဖြစ်စေ အဓိက လိုအပ် ချက်တစ်ခုဖြစ်သည့် ကောင်းမွန်သည့် ရေအရင်းအမြစ်များ ရရှိအောင်လည်း ဆောင်ရွက် ပေးနိုင်ရမည်ဖြစ်ကြောင်း။
ရေထွက်လုပ်ငန်းနှင့် ပတ်သက်၍ အဓိကထားဆောင်ရွက်ကြသည်ဖြစ်သော် လည်း အခြား ကြက်၊ ဝက်၊ အမဲ၊ ဆိတ် မွေးမြူရေးလုပ်ငန်းများကိုလည်း နည်းလမ်း စနစ်တကျဖြင့် ဆောင်ရွက်မည်ဆိုပါက ဒေသစီးပွားရေးကို အထောက်အကူဖြစ်စေနိုင် မည်ဖြစ်ကြောင်း၊ ဒေသတွင်းဖူလုံရေးကို ဦးစားပေးဆောင်ရွက်ပြီး ထိုမှတဆင့် အေးခဲ အသားငါးနှင့် အသားခြောက်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ဆောင်ရွက်နိုင်ရေး ဈေးကွက်ရှာ ဆောင်ရွက်ကြစေလိုကြောင်း၊ တင်ပို့နိုင်ရေးအတွက်လည်း ရေကြောင်း လမ်းများ၊ လေကြောင်းလမ်းများ စသည့် ကောင်းမွန်သည့် အခွင့်အရေးများ ရှိပြီး ဖြစ်သဖြင့် အောင်မြင်အောင် လုပ်ဆောင်ကြစေလိုကြောင်း၊
ကျန်းမာရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် အာဆီယံ တွင် အနိမ့်ဆုံးဖြစ်ပြီး ၆၇ နှစ်သာရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခြားနိုင်ငံများနည်းတူ မျှော်မှန်းသက်တမ်းတိုးမြင့်လာစေရေး အာဟာရ ပြည့်ဝစွာ စားသောက်ရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်မျှတသည့် နေထိုင်သွားလာ လှုပ်ရှားမှုများ ရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဆန်ကို ဗဟိုပြု၍ အခြားသားငါးသီးနှံတို့ကို စားသောက်ခြင်းဖြစ်သည့်အတွက် အာဟာရပြည့်ဝအောင် စားသောက်ကြရမည် ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ငါးမျိုးစုံကို ရွေးချယ်စားသုံးနိုင်ပြီး အခြား အသား ငါး၊ ဟင်းသီးဟင်းရွက်များလည်း ပြည့်စုံစွာ ရရှိနိုင်ပြီးဖြစ်သဖြင့် ပြည့်ပြည့်ဝဝ စားသုံးကာ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ကြစေလိုကြောင်း။
ပညာရေးကဏ္ဍနှင့် ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကျောင်းနေသူ ရာခိုင်နှုန်းနှင့် စာတတ်မြောက်သူရာခိုင်နှုန်း နည်းပါးလျက်ရှိသဖြင့် ပညာရေးကိုအားပေးကြရန် လိုအပ်မည်ဖြစ်ပြီး အသိပညာ၊ အတတ်ပညာရှင်များပေါ်ထွက်လာမှသာလျင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ မျိုးဆက်သစ်လူငယ်လူရွယ်များကို ကောင်းမွန်သည့် စာပေပညာအမွေအနှစ်များ သင်ကြားပေးနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ အခြေခံပညာများ၊ တက္ကသိုလ်ပညာ များ သင်ကြားပေးနေခြင်းသည် မိမိတို့တစ်ဦးချင်းစီ၏ ရှေ့ဆက်ရမည့်ဘဝခရီးတွင် မိမိခြေထောက်ပေါ် မိမိရပ်တည်နိုင်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပင် ဖြစ်သည့်အတွက် အခွင့်အရေးကို ရရှိအောင်ယူကြစေလိုကြောင်း၊ အစိုးရကောင်း စေလိုခြင်းမဟုတ်ကြောင်း၊ စစ်တမ်းများအရ ၂၀၀၇-၂၀၀၈ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းစတင်တက်ရောက်သူဦးရေ ၁ ဒသမ ၅ သန်း ရှိပြီး တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိခဲ့သူ ၂ သိန်း ၇ သောင်းကျော်ခန့်သာ ရှိခဲ့သဖြင့် ကျောင်းစတင်တက်ရောက် ခဲ့သူများအနက် ၉၀ ရာခိုင်နှုန်းသည် တက္ကသိုလ်ဝင်တန်းအောက် ပညာအရည်အချင်း ၌သာရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ ပညာရည်အဆင့်အတန်း မြင့်မားစေရေးအတွက် ပညာရေးကို အားပေး ဆောင်ရွက်ကြရန်လိုပြီး အမှန်တကယ် တတ်မြောက်အောင် လေ့ကျင့် သင်ကြားပေးကြရမည်ဖြစ်ကြောင်း။
စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးကို အခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင်ကြစေလိုပြီး သယံဇာတပေါကြွယ်ဝမှုနှင့် နေရာအချက်အခြာကျမှုကို အခြေခံ၍ ဒေသခံပြည်သူ လူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးရန်လိုကြောင်း၊ ဒေသတွင်း လျှပ်စစ်ဖူလုံရေး အစိုးရမှ လုပ်ဆောင်ပေးမည်ဖြစ်သော်လည်း လျှပ်စစ်ဓာတ်အားခ သက်သာစေသည့် LED မီးအမျိုးအစားများကို သုံးစွဲခြင်းဖြင့်လည်း လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို သက်သာအောင် တစ်ဖက်တစ်လမ်းက လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသထွက်ကုန်၊ ထုတ်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ပြင်ပသို့ တင်ပို့ နိုင်ရေးနှင့် ခရီးသွားပြည်သူတို့ လမ်းကြောင်းတစ်လျှောက်စိတ်အေးချမ်းသာစွာဖြင့် ရှုခင်းများကြည့်ရှု၍ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေး မော်လမြိုင်-ထားဝယ်-ရေး ပင်လယ်ကမ်းခြေ မီးရထားလမ်းကြောင်းနှင့် ရန်ကုန်-မော်လမြိုင်-မြိတ်-ထားဝယ် ကမ်းခြေရေလမ်းကြောင်း ခရီးစဉ်များ ပြေးဆွဲနိုင်ရေးအတွက်လည်း စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်လျှက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျောက်မီး သွေး၊ သံရိုင်း၊ ထုံးကျောက် နှင့် သဲ သယံဇာတ များ များစွာ ရှိသည့်အတွက် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် သံမဏိလုပ်ငန်း၊ ဘိလပ်မြေလုပ်ငန်းနှင့် ဖန်ချက်လုပ်ငန်း များလုပ်ဆောင်ရန် စိတ်ဝင်စားမှုရှိပါက လုပ်ဆောင်နိုင်ရေး မည်သူမဆိုဆောင်ရွက် နိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်ကြစေလိုကြောင်း။
အားကစားကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် အားကစားကွင်းများ၊ အားကစားရုံများနှင့် အထောက် အကူပြုပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသခံများ၏ အားကစားမြှင့်တင်ခြင်းကို ဆောင်ရွက်ပြီး မြို့နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့် မှတဆင့် နိုင်ငံအဆင့်အထိ အားကစားကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
တနင်္သာရီတိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး နဂိုရှိရင်းစွဲ သယံဇာတ အရင်းအမြစ်များ ကြွယ်ဝသည့်အတွက် အနာဂတ် မျှော်မှန်းချက်များစွာရှိသည့် ဒေသ တစ်ခု ဖြစ်ကြောင်း၊ ပညာရေးကို အားပေးကြစေလိုပြီး စနစ်ကျနသည့် စီးပွားရေး လုပ်ငန်းများ ပေါ်ထွက်လာရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှု၊ တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၏ ထိန်းသိမ်းကြပ်မတ်မှု၊ ဒေသခံပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ် ကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။