နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်၊ မောရဝတီရေတပ်စခန်းဌာနချုပ် မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်၊ မောရဝတီရေတပ်စခန်းဌာနချုပ် မှ အရာရှိ၊ စစ်သည် မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇန်နဝါရီ - ၁၃
    
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတမ်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ ညနေပိုင်းတွင် ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ်၊ မောရဝတီရေတပ်စခန်းဌာနချုပ် မှ အရာရှိ၊ စစ်သည် မိသားစုများအား သွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။
    
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်၏ အဓိက လုပ်ငန်းတာဝန်သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်ပြီး စစ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်နှင့် အုပ်ချုပ်ရေး စွမ်းရည် တို့ အစဉ်ထက်မြတ်နေအောင် လေ့ကျင့်ဆောင် ရွက် နေကြရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များ၊ မူဝါဒများအတိုင်း လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊  စစ်စည်းကမ်းကောင်းမွန်မှုသည် တပ်မတော်၏ အစဉ်အလာကောင်းတစ်ခုပင် ဖြစ် သည့်အတွက် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
    
တပ်မတော်သားအားလုံးသည် မိမိတို့၏ သဘောဆန္ဒအလျောက် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် တပ်မတော်တွင်းသို ဝင်ရောက် အမှုထမ်း ခဲ့ကြသူများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်ကို ချစ်သည့်စိတ်ဖြင့် မိမိကိုယ်ကို စစ်သားကောင်းတစ်ယောက်ပီသအောင် တည်ဆောက်ရမည် ဖြစ်ပြီး မိမိတပ်ဖွဲ့၊ မိမိတပ်ရင်း၊ မိမိတပ်မတော်နှင့် နိုင်ငံချစ်စိတ်များကို တည်ဆောက်ကြရန်လိုကြောင်း၊ တပ်မတော်သားများဖြစ်သည့်အတွက် မိမိအားတာဝန် ပေးအပ်လာပါက မည်သည့် နေရာဒေသဖြစ်စေ သွားရောက်တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ပေးအပ်လာသည့် အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြရမည် ဖြစ်ကြောင်း၊ အလားတူ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်သားတစ်ဦးချင်းအနေဖြင့် စစ်သားကောင်း ပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ် ကြောင်း။
    
တပ်နေပျော်ရေးအတွက် သက်သာချောင်ချိရေးနှင့် ပတ်သက်၍ တပ်မတော်မှ ဆောင်ရွက်ပေးထားပြီး၊ သက်ဆိုင်ရာ တပ်ဌာနချုပ်များအလိုက်လည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ တစ်ဦးချင်းပျော်ပါးစားသောက်မှုကို ထိန်းသိမ်းခြင်းအားဖြင့် မလိုအပ် သော ငွေဖြုန်းတီးမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ အလားတူ တပ်ဌာနချုပ်မှ စီမံဆောင်ရွက်သည့် တပ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် လိုသကဲ့သို့ မိမိတို့တစ်ဦးချင်းအလိုက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်းဖြင့် အပိုဝင်ငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ ဦးစီး ခေါင်းဆောင်ရသူများအနေဖြင့်လည်း မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ရင်း တပ်ဖွဲ့များမှ စစ်သည်မိသားစုများ၏ ရပိုင်ခွင့်နှင့်သက်သာချောင်ချိရေးကို နည်းလမ်း တကျ မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တပ်မှူး ကောင်းသဖွယ် စိတ်ဓာတ်နှင့် မိဘသဖွယ်စိတ်ဓာတ် ထားရှိရမည်ဖြစ်ကြောင်း၊ ထိုနည်းတူ လက်အောက်ငယ်သားများအနေဖြင့်လည်း ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို တိကျစွာ လိုက်နာ၍ မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းဖြင့် နေထိုင် ကြရန်လိုကြောင်း၊ မိမိဘဝတက်လမ်းကို ထိခိုက်စေနိုင်သည့် အသောက်အစား၊ အပျော် အပါး တို့ကို ရှောင်ကြဉ်ကြရန်လိုပြီး မိမိဝင်ငွေနှင့် ထွက်ငွေမျှတအောင် စည်းစနစ်ကျ စွာဖြင့် သုံးစွဲကြရမည်ဖြစ်ကာ အသိတရား၊ သတိတရားလက်ကိုင်ထား၍ မိမိဘဝ တိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
    
ပညာရည်သင်ကြားရေးနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင် စာပေဖတ်ရှုရန်လိုအပ် သကဲ့သို့ မိမိတို့၏ သားသမီးများ၏ ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေးအတွက် လည်း တပ်မတော်မှ ငွေကြေးများကုန်ကျခံ၍ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  မိမိတို့ တာဝန်ထမ်းဆောင်ရာဒေသများတွင် မိမိတို့၏ ကလေးငယ်များအားလုံး ပညာသင် ကြားနိုင်ရေး ဆောင်ရွက်မှသာ မိမိတို့၏ သားသမီးများအား ပညာအမွေများ ပေးနိုင်မည်ဖြစ်ကြောင်း၊ အလားတူ တပ်နှင့်ပြည်သူတစ်သားတည်းရှိနေစေရန် အတွက် တပ်ပြင်စည်းရုံးရေးလုပ်ငန်းများအား လက်တွေ့ကျကျဖြင့် ဆောင်ရွက် ကြရန်လိုကြောင်းဖြင့်မှာကြားသည်။
    
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ ရေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီးတို့ကလက်ခံရယူကြသည်၊ ယင်းနာက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။