၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းနှင့် ရိုးရာ ဝိုင်းဖွဲ့ခြင်းလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းနှင့် ရိုးရာ ဝိုင်းဖွဲ့ခြင်းလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၃
    
၂၀၂၂ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်းပိုက်ကျော်ခြင်းနှင့် ရိုးရာဝိုင်းဖွဲ့ခြင်းလုံးပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် မှော်ဘီလေတပ်စခန်း၊ အားကစားခန်းမ၌ ပြုလုပ်ရာ တပ်မတော်(လေ)မှ အရာရှိ၊စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဆုရရှိသည့် အသင်းများနှင့် ဒိုင်းဆုရရှိသည့်အသင်းအား ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ကြသည်။
    
အဆိုပါ ပိုက်ကျော်ခြင်းနှင့်ရိုးရာဝိုင်းဖွဲ့ခြင်းလုံးပြိုင်ပွဲကို လေတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းနှင့် အုပ်၊ တပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၁၀)သင်း ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်းရရှိသည်။