မက်ဒရစ်၊ ဘောလုံး
ရီးယဲလ်အသင်းသည် စက်တင်ဘာ ၂၀ ရက် ညက ဆိုစီဒက်အသင်းနှင့် လာလီဂါရာသီ အဖွင့် ပွဲကစားရာ ဂိုးမရှိသရေကျပြီး ထိုပွဲတွင် ဂိုးလိုအပ်နေသော်လည်း ရီးယဲလ်နည်းပြ ဇီဒန်းသည် ပေါင် ၅၅ သန်းဖြင့်ခေါ်ယူထားသည့် ဆားဘီးယားတိုက်စစ်မှူး လူကာဂျိုဗစ်ချ်ကို အရန်ခုံ၌ ပွဲပြီးသည် အထိထားခဲ့ခြင်းအတွက် မေးခွန်းထုတ်မှုများအား ဇီဒန်းက ပြန်လည်ရှင်းလင်း သည်။
လူကာဂျိုဗစ်ချ်သည် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတွင် ဖရန့်ဖတ်အသင်းအတွက် ၂၇ ဂိုး သွင်းနိုင်သဖြင့် ရီးယဲလ်အသင်း၏ခေါ်ယူခြင်း ခံခဲ့ရသော်လည်း ပြီးခဲ့သည့် တစ်ရာသီလုံး လာလီဂါပွဲထွက်ကစားခွင့် လေးပွဲသာရရှိခဲ့ရာ ဇီဒန်းသည် ဂိုးလိုအပ်သည့်အချိန်တွင် လူကာဂျိုဗစ်ချ်ကို လူစားဝင်ခိုင်းခြင်းထက် ကစားသမားသစ်များဖြစ်သော မာဗင်နှင့် အာရီ ဘက်စ်တို့ကိုသာ လူစားဝင်စေခဲ့သည်။
ပွဲအပြီးတွင် ဇီဒန်းက “လူကာဂျိုဗစ်ချ်ကို လူစားဝင်ခိုင်းဖို့က ခက်ခဲတဲ့ အခြေအနေပါ။ ဘင်ဇီမာ ကောင်းကောင်းကစားနိုင်ပြီး တောင်ပံတွေကနေ ထိုးဖောက်နိုင်ဖို့လုပ်ခဲ့တာပါ။ တိုက်စစ်မှူးထပ်ထည့်လိုက်ရင် ဟန်ချက်ပျက်သွားတာမျိုး မဖြစ်စေချင်လို့ပါ။ ကျွန်တော့် ကစားသမားတွေနဲ့ ဘယ်သူနဲ့မှ ဘာပြဿနာ မှ မရှိပါဘူး” ဟု ပြောသည်။
Ref:Dailymail