အခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ကျွန်းရတနာခန်းမ၌ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ပုံမှန်

ဝင်ငွေမရှိသောအခြေခံလူတန်းစားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ထောက်ပံ့ငွေပေးအပ်ကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက ထောက်ပံ့ငွေများကို အခြေခံလူတန်းစားများထံ လက်ဝယ်အရောက်အမြန်ထုတ် ပေးသွားရန် ဆွေးနွေးပြောကြားပြီး   ကျွန်းစုမြို့နယ်ရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၂၃၈၄၅ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်၄၇၆၉ သိန်းကို ကျွန်းစုမြို့နယ်ရှိ ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစားများထံသို့ ငွေကြေးထောက်ပံ့မှုကြီးကြပ်ကွပ်ကဲရေး ကော်မတီမှ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ငွေပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)