တပ်မတော်အထည်ချုပ်စက်ရုံ(ပျဉ်ပုံကြီး) ဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ ၁၅
၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် တပ်မတော်အထည်ချုပ်စက်ရုံ(ပျဉ်ပုံကြီး)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ နယ်မြေခံတပ်၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး နှင့် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် စက်ရုံအသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် မင်္ဂလာကဗ္ဗည်းမော် ကွန်းအား အောင်သပြေပန်းနံ့သာရေများဖြင့် ပက်ဖျန်းပေးပြီး စက်ရုံသစ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကြရာ စက်ရုံမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။
အဆိုပါ တပ်မတော်အထည်ချုပ်စက်ရုံ(ပျဉ်ပုံကြီး)ကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်အရ တပ်မတော်သား မိသားစုဝင်များ အလုပ်အကိုင်ရရှိစေရေး အတွက် ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၁ ရက်တွင် ပဲခူးမြို့နယ်ရှိ နယ်မြေခံ တပ်ဝန်းအတွင်း၌ စတင်တည်ဆောက်ခဲ့ပြီး ယနေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။