မဘိမ်းမြို့နယ်၌ ဆောင်းသီးနှံမြေထောက်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်း ကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး မိုးသီးနှံ စပါးစိုက်ခင်းများ ရိတ်သိမ်းပြီးချိန် တွင် သီးထပ်အဖြစ် ဆောင်းသီးနှံ မြေထောက်ပဲများ ဆက်လက်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
မဘိမ်းမြို့နယ်၌ မြို့ပေါ်လေးရပ်ကွက်နှင့် ကျေးရွာများ၌ စိုက်ပျိုးရေးကို အဓိက စီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်ကြပြီး မြေပဲ၊ ပဲပုပ်၊ ပန်းနှမ်းနှင့် မြေထောက်ပဲ စသည့် ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရန် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလက မြေပြင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ပြီး ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်ကြဲပက် စိုက်ပျိုးကြရာ ယခုအချိန် တွင် မြေထောက်ပဲ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးအပွင့်များ စတင်ထွက်ရှိ နေပြီဖြစ်သည်။
မြေထောက်ပဲကို တစ်ဧကလျှင် ပဲမျိုး လေးတင်းစိုက်ပျိုးရာ အထွက်နှုန်းမှာ တစ် ဧကလျှင် ၁၈ တင်းနှုန်းထွက်ရှိကာ မြေ ထောက်ပဲ တစ်တင်းလျှင် ငွေကျပ် ၄ဝဝဝဝ ဖြင့် ရောင်းချရကြောင်း၊ ယခုနှစ်တွင် ဆောင်းသီးနှံစိုက်ပျိုးရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲ ထုတ်ချေးပေးထားသည့် အတွက် တောင်သူများ အနေဖြင့် စိုက်ပျိုး စရိတ်များရရှိ၍ အဆင်ပြေစွာ စိုက်ပျိုးနိုင်ကြောင်းနှင့် မြေထောက်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေသောကြောင့် မြေ ထောက်ပဲ ထွက်ရှိချိန်တွင် တောင်သူများ မိသားစုအပိုဝင်ငွေ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။