လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၂

   

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် လေပြင်းတိုက်ခိုက် မှုကြောင့် ကုလားကုတ်ကျွန်း ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာနှင့် ပသျှူးချောင်းကျေးရွာတို့ရှိ နေအိမ် ၁၆ လုံးနှင့် ငါးလှန်းစင် ၁၁ စင်တို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

   

အဆိုပါ လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်ခဲ့သည့်နေရာများသို့ စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆန် ၁၀ အိတ်၊ ခေါက်ဆွဲခြောက် ၂ ဖာ၊ ရွှေဖီဦး ၁ ဖာနှင့် နို့ဆီဘူးများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။