ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း၊ COVID-19    ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌  ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂၂

    COVID-19  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်သည့် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ကွမ်းအဆင်ပြေ စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ် ပစ္စည်းများကို ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဘိုးဘွားရိပ်သာ၊ ကျောက်စရစ်ကုန်းကျောင်းတိုက်နှင့် သိင်္ဂီရတနာသီလရှင် ကျောင်းတိုက်၊ အောင်ရတနာပျိုးဥယျာဉ်ကျောင်းတိုက်၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ ပိန်းအွယ်ဓမ္မရိပ်သာကျောင်းတိုက်၊ ကောသမ္ဗီသီရိဌမဟာ ကမ္ဘောဇကျောင်းဆိုင်ကျောင်းတိုက်နှင့် ကျောင်းခမ်းပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လုံမြို့၊ မြို့မမင်္ဂလာနောင်ကွတ်ဘုန်းတော်ကြီးကျောင်း၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင်ကျေးရွာ၊ သာသနာလင်္ကာရကျောင်းတိုက်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာ၊ သုမင်္ဂလာရာမနိ ကာယကျောင်းတိုက်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ တောင်သုံးလုံးဦးသာသနာ့ ရိပ်သာကျောင်းတိုက်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အော်ကြီးကျေးရွာအုပ်စု၊ သရက်တစ်ပင်ကျေးရွာ၊ အောင်ဓမ္မသီရိ ကျောင်းတိုက်နှင့် မြိတ်မြို့နယ်၊ ကောင်းမှုကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ပိတောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရတနာ့ဗိမာန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ စတုဘုမ္မိကမဂ္ဂင်ကျောင်းတိုက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ ပိဋကသုံးပုံနိကာယ်စာသင်တိုက်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဣစ္ဆာသယပွတ်စုကျောင်း၊ ရေတာရှည်မြို့နယ်၊ ရွာတော်လေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာ၊ မြရတနာဘုန်းတော်ကြီးကျောင်း၊ ကျောက်ကြီးမြို့နယ်၊ ဒိုးတန်းကျေးရွာဘုန်းတော်ကြီးကျောင်း၊ ဘုရားကြီးမြို့၊ ဝင်္ဂဘော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ပန်းတောင်းမြို့၊ ဝန်လိုရပ်ကွက်၊ ရေဝင်ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

   

ထို့အပြင် COVID-19  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအထောက်အကူဖြစ် စေရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ အပါအဝင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ရေး အထောက်အကူပြု ဆေးပစ္စည်းများ ဖြန့်ဝေပေးခြင်းကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

   

ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့၊ ကလောမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ပင်လောင်းမြို့၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ ကော့မှူးမြို့နယ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ် ရာများ၊ ရေမလိုလက်သန့် ဆေးရည်များ၊ Mask  များ၊ ဆေးပစ္စည်းနှင့် ဆေးဝါးများဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။