နေပြည်တော်၊ စက်တင်ဘာ - ၂၂
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ အလှူရှင်များက လာရောက်ပေးအပ်လှူဒါန်းသည်။
ဦးစွာ အလှူရှင်များဖြစ်သည့် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၉) ကျောင်းဆင်းအရာရှိများနှင့် မိသားစုများ ကိုယ်စား ဗိုလ်မှူးကြီးခင်မောင်စိုး (အငြိမ်းစား)က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် အလှူရှင်များက အလှူငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။