နေပြည်တော်၊ စက်တင်ဘာ- ၂၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်သို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းတွင် သွားရောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ကျောင်းတိုက် ဦးစီးပဓာန ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဒေါက်တာကုမာရာ ဘိဝံသ အား ဖူးမြော်ပြီး ကျောင်းတိုက်ရှိ သံဃာတော်များအတွက် N-95 Mask များနှင့် Hand Wash ဘူးများ ဆက်ကပ်လှူဒါန်းသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးတပ်ရင်းမှ ပါရဂူ၊ ဆေးမှူးများပါဝင်သည့် ဆေးကုသရေး အဖွဲ့က သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အောင်မြေသာစံမြို့နယ်ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာသို့ သွားရောက်၍ ရိပ်သာရှိ အဘိုး၊ အဘွားများအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းတို့ စုပေါင်းလှူဒါန်းသည့် ဆန် ၃၀ အိတ်၊ ကြက်ဥ ၃၀၀၀ လုံး၊ ဆီ၊ ပဲ၊ ငါးခြောက်နှင့် Face Mask တို့ကို မန်းတောင်ခြေ ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။