ဘာစီလိုနာအသင်းက ကွင်းလယ် ကစားသမား ဒီဂျောင်း၏ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၅ဝ သတ်မှတ်

ဘာစီလိုနာအသင်းက ကွင်းလယ် ကစားသမား ဒီဂျောင်း၏ ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် သန်း ၅ဝ သတ်မှတ်

ဘာစီလိုနာအသင်း အနေဖြင့်  အသင်းကွင်းလယ် ကစားသမား  ဒီဂျောင်းအား  ချယ်လ်ဆီး အသင်းက စတာလင်ပေါင် ၃၃ သန်းဖြင့်ကမ်းလှမ်းမှုကို ငြင်းဆို ပြီး  ပြောင်းရွှေ့ကြေးကို  စတာလင်ပေါင် သန်း ၅ဝ သတ်မှတ်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် အသင်း ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းရန် လက်ရှိဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင်  ဘာစီလိုနာအသင်းမှ  ကွင်းလယ် ကစားသမား ဒီဂျောင်းကို  ခေါ်ယူလိုနေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက  စတာလင်ပေါင်  ၃၃ သန်းဖြင့် တရားဝင် ကမ်းလှမ်းမှုများပြုလုပ်ခဲ့သည်။

အသက် ၂၄ နှစ်အရွယ် ဒီဂျောင်းသည်  ၂ဝ၂ဝ ပြည့်နှစ်က အေဂျက်အသင်းမှ ဘာစီလိုနာအသင်း သို့  ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၆၅ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး  အစောပိုင်းက  အသင်း အဓိက ကွင်းလယ်ကစားသမားအဖြစ်  ပါဝင်ခွင့်ရရှိခဲ့ သော်လည်း နည်းပြသစ် ဇာဗီလက်အောက်တွင် လူငယ် ကစားသမား ပက်ဒရီ၏ နောက်မှသာ  ပါဝင်ခွင့်ရရှိပြီး  ဘာစီလိုနာ အသင်းကလည်း    အသင်းဘဏ္ဍာရေး အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် ဒီဂျောင်းအား ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။

လက်ရှိတွင် ဒီဂျောင်းကို ချယ်လ်ဆီး အသင်းအပြင် မန်ယူအသင်း၊ ဘိုင်ယန်မြူးနစ် အသင်းနှင့် မန်စီးတီး အသင်းတို့ကလည်း ခေါ်ယူရန်  စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။