AFC Cup အာဆီယံဇုန်မဲခွဲမှုအပြီး ရှမ်းယူနိုက်တက် အသင်း အုပ်စု(H)နှင့် ဟံသာဝတီ ယူနိုက်တက်အသင်း အုပ်စု(I)တွင် ကျရောက်

AFC Cup အာဆီယံဇုန်မဲခွဲမှုအပြီး ရှမ်းယူနိုက်တက် အသင်း အုပ်စု(H)နှင့် ဟံသာဝတီ ယူနိုက်တက်အသင်း အုပ်စု(I)တွင် ကျရောက်

မြန်မာကလပ်အသင်း နှစ်သင်း ပါဝင်ယှဉ်ပြိုင်မည့် 2022 AFC Cup  အာဆီယံဇုန်ပြိုင်ပွဲ အတွက် အုပ်စုမဲခွဲမှုအပြီးတွင် ရှမ်းယူနိုက်တက် အသင်းက အုပ်စု(H)နှင့်   ဟံသာဝတီယူနိုက်တက် အသင်းက အုပ်စု(I)တွင် အသီးသီး ကျရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ၂ဝ၂၁ ခုနှစ်က ကိုဗစ်-၁၉ ရောဂါကြောင့် တစ်နှစ်ရွှေ့ဆိုင်းခဲ့ရပြီး ယခုနှစ်မှသာ ပြန်လည်ကျင်းပခြင်း ဖြစ်ကာ  ဇွန် ၂၄ ရက်မှ ၃ဝ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ပြီးခဲ့သည့်မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင်  ရှမ်းယူနိုက်တက်အသင်းက ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ဝင်ခွင့်ရရှိသကဲ့သို့ ဟံသာဝတီ ယူနိုက်တက် အသင်းသည်လည်း  အဆင့်(၂)နေရာ၌ ရပ်တည်နိုင်ခဲ့သည့်အတွက်    ဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။  အစောပိုင်းက ဟံသာဝတီယူနိုက်တက် အသင်းအနေဖြင့် ရှုံးထွက်အဆင့်ပွဲစဉ် တစ်ပွဲကစားပြီးမှသာ အုပ်စုအဆင့် ဝင်ရောက်ရမည်ဖြစ်သော်လည်း အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်များကြောင့် ခြေစစ်ပွဲကစားရန် မလိုအပ်ဘဲ အုပ်စုအဆင့်မှ  တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး လာအိုကလပ် Young Elephant အသင်းနှင့် ကမ္ဘောဒီးယား ကလပ် Visakha အသင်းတို့အနေဖြင့် ရှုံးထွက်အဆင့် ပွဲစဉ်ကစားပြီးမှ တစ်သင်းပါဝင် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို  အာရှဘောလုံးအဖွဲ့ချုပ်က ဇုန် အလိုက် ခွဲခြားကျင်းပမည်ဖြစ်ပြီး    အာဆီယံဇုန်၌ အုပ်စု(G)၊ အုပ်စု(H)နှင့် အုပ်စု(I)ဟူပြီး ခွဲခြားကျင်းပမည်ဖြစ်ရာ အုပ်စု(G)တွင် ဖိလစ်ပိုင်ကလပ် KAYA ILOILO   အသင်း၊ အင်ဒိုနီးရှားကလပ်  Bali United  အသင်း၊ မလေးရှားကလပ် Kedh အသင်းနှင့် ရှုံးထွက်အဆင့်မှ တက်ရောက်မည့်အသင်း၊  အုပ်စု(H) တွင် မလေးရှားကလပ် Kuala Lumpur အသင်း၊ ရှမ်း ယူနိုက်တက်အသင်း၊ စင်ကာပူကလပ် Tampiness Rovers အသင်း၊ အင်ဒိုနီးရှားကလပ် PSM Makassar  အသင်း၊ အုပ်စု(I) တွင်  ဗီယက်နမ်ကလပ် Viettel FC အသင်း၊ စင်ကာပူကလပ်   ံ Hougang United အသင်း၊  ကမ္ဘောဒီးယားကလပ်  Phnom   Penh Crown အသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်း တို့ ပါဝင်ကြောင်း သိရသည်။