ပူတာအိုမြို့နယ်ရှိ ခရိုင်ပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှု ခံယူနေသူများအားကြည့်ရှုအားပေး

ပူတာအိုမြို့နယ်ရှိ ခရိုင်ပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှု ခံယူနေသူများအားကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီ - ၁၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ခရိုင်ပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးရုံ တို့၌ တက်ရောက်ကုသမှုခံယူနေသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ ပြည်သူများအား ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများအား မေးမြန်းအား ပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့ရှိ အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများအား သွား ရောက်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။