နေပြည်တော် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁)နေ ဒေါ်သောင်းစိန် (ဘ) ဦးဘအေးနေအိမ်၌ ယနေ့နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် ကားဂိုဒေါင်ဆောက်လုပ်ရန် မြေကျင်းတူးစဉ် ဆွေးမြည့်ဟောင်းနွမ်းနေသည့် ၆၀ မမ ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိကြောင်း အကြောင်းကြားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးသိမ်းဆည်းခဲ့သည်။
အဆိုပါ ဗုံးသီးဟောင်းအား အများပြည်သူများ အန္တရာယ်မဖြစ်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။