အေစီမီလန်နှင့် စပီဇီယာအသင်းတို့ပွဲစဉ်မှ မှားယွင်းသည့် ဆုံးဖြတ်ချက်ကြောင့် ကွင်းလယ်ဒိုင်လူကြီး မာကိုဆာရာ ကာလရှည် ပွဲကြီးကြပ်ခွင့် ပိတ်ခံရဖွယ်ရှိ

အေစီမီလန်နှင့် စပီဇီယာအသင်းတို့ပွဲစဉ်မှ မှားယွင်းသည့် ဆုံးဖြတ်ချက်ကြောင့် ကွင်းလယ်ဒိုင်လူကြီး မာကိုဆာရာ ကာလရှည် ပွဲကြီးကြပ်ခွင့် ပိတ်ခံရဖွယ်ရှိ

အီတလီစီးရီးအေပွဲစဉ် (၂၂)အဖြစ် ကစားသည့်  အေစီမီလန်နှင့် စပီဇီယာအသင်းတို့ ပွဲစဉ်တွင် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ  ချမှတ်ခဲ့သည့်  ကွင်းလယ်ဒိုင်လူကြီး  မာကိုဆာရာအနေဖြင့်  ကာလရှည်  ပွဲကြီးကြပ်ခွင့် ပိတ်ခံရဖွယ်ရှိကြောင်း သိရသည်။

စပီဇီယာအသင်းက    အေစီမီလန်အသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိသည့် အဆိုပါပွဲစဉ်တွင် ပွဲချိန် မိနစ် ၉ဝ အထိ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ်နေပြီး နာကျင်အချိန်ပိုတွင် အေစီမီလန်အသင်း တိုက်စစ်ဆင်ကစားခဲ့ရာ ရီဘစ်က အပိုင်ဂိုးသွင်းခွင့် ရရှိနေသည့်  မက်စီယက်စ်ကို ဘောလုံးပေးပို့ခဲ့ရာ မက်စီယက်စ်က အပိုင်သွင်းပြီး အေစီမီလန် အသင်းအတွက် အဖိုးတန် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ရီဘစ်အနေဖြင့် မက်စီယက်စ်ကို ဘောလုံး ပေးပို့အပြီးတွင်  စပီဇီယာ အသင်း  ကစားသမားက ရီဘစ်ကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့သည့်အတွက် ဒိုင်လူကြီး မာကိုဆာရာက ပြစ်ဒဏ်ဘောသာ ကန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။  ပုံမှန်အားဖြင့် ရီဘစ်ကို  ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့သော်လည်း အေစီမီလန်အသင်း ကစားသမားကပင် ဘောလုံးဆက်လက် လက်ခံရရှိခဲ့သည့် အတွက် ဂိုးခွင့်ပြုပေးရမည် ဖြစ်သော်လည်း ကွင်းလယ် ဒိုင်လူကြီး မာကိုဆာရာက ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အရှက်ရဖွယ်ဖြစ်ရပ်အတွက် အီတလီနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကွင်းလယ်ဒိုင် လူကြီးမာကိုဆာရာ ကို ကာလရှည် ပွဲကြီးကြပ်ခွင့် ပိတ်ဖွယ်ရှိကြောင်း သိရသည်။