ဖီအိုရင်တီးနားအသင်း တိုက်စစ်မှူး ဗလာဟိုဗစ်ချ် ဂျူဗင်တပ်စ် အသင်းသို့သာ ပြောင်းရွှေ့ကစားရန် နီးစပ်နေ

ဖီအိုရင်တီးနားအသင်း တိုက်စစ်မှူး ဗလာဟိုဗစ်ချ် ဂျူဗင်တပ်စ် အသင်းသို့သာ ပြောင်းရွှေ့ကစားရန် နီးစပ်နေ

ဖီအိုရင်တီးနားအသင်း တိုက်စစ်မှူး ဗလာဟိုဗစ်ချ်သည် ဂျူဗင်တပ်စ်အသင်းသို့  ပြောင်းရွှေ့ကစားရန် နီးစပ်နေပြီး လက်ရှိတွင် ပုဂ္ဂိုလ်ရေးအရ သဘောတူညီ မှုရရှိထားကာ လာမည့် ရက်ပိုင်းအတွင်း အပြီးသတ် ပြောင်းရွှေ့ ကစားဖွယ်ရှိကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ် ဗလာဟိုဗစ်ချ်သည် ပြီးခဲ့သည့် ဘောလုံးရာသီမှစ၍ ထိပ်တန်းအဆင့် ခြေစွမ်းပြသနိုင်ပြီးနောက်  ထိပ်တန်းအသင်းကြီးများ၏ စောင့်ကြည့်ခြင်း ခံခဲ့ရသူဖြစ်ပြီး လက်ရှိဇန်နဝါရီကစား သမားအပြောင်းအရွှေ့ ကာလမတိုင်မီကတည်းက အာဆင်နယ်အသင်းက တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ထားသော်လည်း ဗလာဟိုဗစ်ချ်ကိုယ်တိုင်က ပြောင်းရွှေ့ကစားလိုခြင်း မရှိသဖြင့်  အာဆင်နယ် အသင်းအတွက် ခေါ်ယူရန် ခက်ခဲနေခြင်းဖြစ်သည်။

ဗလာဟိုဗစ်ချ်ကို အစောပိုင်းက ဥရောပထိပ်တန်း အသင်းကြီးများဖြစ်သည့် မန်စီးတီးအသင်း၊ အာဆင် နယ်အသင်း၊ မန်ယူအသင်းနှင့် ဂျူဗင်တပ်စ်အသင်း တို့က   အပြိုင်ခေါ်ယူရန် ပြင်ဆင်နေသော်လည်း ဗလာဟိုဗစ်ချ်ကိုယ်တိုင်က စီးရီးအေ ပြိုင်ပွဲတွင်သာ ဆက်လက် ကစားလိုသည့်အတွက်    ဂျူဗင်တပ်စ် အသင်းကို ရွေးချယ်ထားခြင်း ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းကလည်း အသင်းတိုက်စစ်ပိုင်း တွင် မိုရာတာအနေဖြင့် အနာဂတ် မရေမရာဖြစ်နေသကဲ့သို့ ယခုဘောလုံးရာသီ အကုန်တွင်  စာချုပ် သက်တမ်းကုန်ဆုံးမည့် ဒိုင်ဘာလာကိုလည်း လက်လွှတ်ရဖွယ်ရှိနေသည့် အတွက်   ဗလာဟိုဗစ်ချ်နှင့် အစားထိုးရန် ချိတ်ဆက်နေခြင်းဖြစ်သည်။

ဗလာဟိုဗစ်ချ်သည်  ယခုဘောလုံးရာသီတွင် ၂၁ ပွဲကစားအပြီး ၁၇ ဂိုးအထိ သွင်းယူနိုင်ကာ  ဂိုးဖန်တီးမှုနှစ်ကြိမ်  ပြုလုပ်ထားပြီး  အကောင်းဆုံးခြေစွမ်း ပြလျက်ရှိကာ  နောက်ဆုံးကစားသည့်    ဂျီနိုအာအသင်းနှင့် ပွဲစဉ်အပြီးတွင် အသင်းပရိသတ်များကို နှုတ်ဆက်မှုများ ပြုလုပ်ခဲ့သောကြောင့် ၎င်းအတွက် နောက်ဆုံးပွဲစဉ် ဖြစ်ဖွယ်ရှိသည်ဟု   သတင်းများ ထွက်ပေါ်လျက်ရှိပြီး  လာမည့် ရက်သတ္တပတ်အတွင်း အပြီးသတ် ပြောင်းရွှေ့ဖွယ် ရှိကြောင်း သိရသည်။