ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် တရားခံများအား ဖမ်းဆီးရမိ
နေပြည်တော် ဇန် ၂၁ ရက်
CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများအား ဦးစီးဆောင်ရွက်ခဲ့သည့် NLD ပါတီဝင် တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် အပါအဝင် ကျား ၄၃ ဦး၊ မ ၇ ဦး၊ ပေါင်း ၅၀ ဦးအား လက်နက်/ ခဲယမ်းများ၊ လက်ပစ်ဗုံးများ၊ အခြားဆက်စပ်ပစ္စည်းများနှင့် ဖမ်းဆီးရမိ ခဲ့သည့် ဖြစ်စဉ်အား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင်လည်းကောင်း၊ NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော် မှ လက်နက်/ ခဲယမ်းများ ထုတ်ပေး၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အချို့ဖော်ထုတ်ရရှိသည့်သတင်းအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် လည်းကောင်း ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။
NUG အကြမ်းဖက်အဖွဲ့မှ PDF အကြမ်းဖက်အဖွဲ့ ဖွဲ့စည်း၍ တောင်ပိုင်းတိုင်း PDF အကြမ်းဖက်အဖွဲ့အား လွင်ကိုလတ် မှ တာဝန်ခံအဖြစ် ဆောင်ရွက်ကာ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်နှင့် ပြည်သူလူထုအထိတ် တလန့်ဖြစ်စေရန်အတွက် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လွင်ကိုလတ် ၏ စေခိုင်းချက်အရ တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် သည် STF အကြမ်းဖက် အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့တို့၏ တာဝန်ခံအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်း ပကဖ အကြမ်းဖက်အဖွဲ့တာဝန်ခံအဖြစ် ဝေဖြိုးဟန်(ခ)နောင်ရိုး မှ ဆောင်ရွက်ပြီး အရှေ့ပိုင်း ခရိုင်တာဝန်ခံ လင်းထက်(ခ)မဟူရာ၊ အနောက်ပိုင်းခရိုင် တာဝန်ခံ နေလင်းအောင် (ခ)ဖိုးကျော်၊ တောင်ပိုင်းခရိုင် တာဝန်ခံ ထက်ဇော်၊ မြောက်ပိုင်းခရိုင် တာဝန်ခံ မင်းရန်နိုင် တို့ဖြင့် ခရိုင် ၄ ခုခွဲ၍ ဖွဲ့စည်းကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက် လုပ်ငန်းများအား ပိုမိုအရှိန်မြှင့်တင်လုပ်ဆောင်စေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များမှ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နိုင်မှုမရှိစေရေး သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ် ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ တိုက်အမှတ်(၃)၊ အခန်း(၄၄)၌ ရန်ကုန်တိုင်း ပကဖ အကြမ်းဖက်အဖွဲ့ အရှေ့ပိုင်းခရိုင်တာဝန်ခံ လင်းထက်(ခ)မဟူရာ(၃၆)နှစ်နှင့် ဇော်ကိုကို(၃၅)နှစ်တို့ ၂ ဦးအား Sigsauer ပစ္စတို ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၃၀ တောင့်၊ MK-12 သေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၀ တောင့်၊ M-79 သေနတ် ၁ လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ လင်းထက် ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၈ ရက် တွင် သာကေတမြို့နယ်၊ ဇမ္ဗူသီရိ(၈)လမ်း၊ (၆)ရပ်ကွက်၌ အနောက်ပိုင်းခရိုင်တာဝန်ခံ နေလင်းအောင်(ခ)ဖိုးကျော်(၃၈)နှစ်အား MK-12 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၂၂ တောင့်တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်ကိုကို ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၉ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဂေါက်ကွင်းအနီး၌ အောင်ကျော်ဇော(ခ)အောင်မြင့်မြတ်၊ (၂၃)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ လှည်းကူးမြို့နယ်၊ ဆင်ဖုံတောင် ကျေးရွာ၌ ဝိုင်းချစ်ထူး(၂၃)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ အောင်ကျော်ဇော်(ခ)အောင်မြင့်မြတ် ၏ ထွက်ဆိုချက် အရ ဇန်နဝါရီလ ၁၁ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၆)ကွေ့မှတ်တိုင်အနီး၌ ဇမ္ဗူထွန်း(၁၈)နှစ်၊ ထက်ရွှေစင်(၁၇)နှစ်၊ ဇင်မင်းလှိုင်(၂၃)နှစ်၊ အောင်ဇင်ထွေး(၁၇)နှစ် တို့ ၄ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဇမ္ဗူထွန်း၏ ထွက်ဆိုချက်အရ မြောက်ဥက္ကလာပ မြို့နယ်၊ သုဓမ္မာ(၅)လမ်း၊ (၂)ရပ်ကွက်၌ ပြည့်ဖြိုးအောင်(၃၀)နှစ်အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်ကိုကို ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၁ ရက် နေ့လည်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၂)ရပ်ကွက်၊ ရတနာပုံလမ်းရှိ ၎င်း၏နေအိမ်၌ YUF အကြမ်းဖက်အဖွဲ့မှ ငြိမ်းမြတ်သူ(ခ)ကိုငြိမ်း(၂၆)နှစ်၊ နေလ(၂၆)နှစ်၊ ဝင်းနိုင်ဦး(ခ)ကိုချို(၅၃)နှစ်နှင့် အောင်ဖြိုးသူ(၂၇)နှစ်တို့ ၄ ဦးအား AK-47 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄၃ တောင့််တို့နှင့်လည်းကောင်း၊ တရားခံ ငြိမ်းမြတ်သူ (ခ)ကိုငြိမ်း ၏ ထွက်ဆိုချက်အရ ညနေပိုင်းတွင် သာကေတမြို့နယ်၊ (၇)ရပ်ကွက်နေ ကောင်းမြတ်(ခ)ပြည့်စုံ(၂၄)နှစ်အား သာကေတအဝိုင်းအနီး၌ လည်းကောင်း၊ သာကေတမြို့နယ်၊ (၇/အရှေ့) ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ အောင်မြတ်သူ(၅၅)နှစ်နှင့် ဇော်မင်းလှိုင်(၅၄)နှစ်တို့ ၂ ဦး အား Glock ပစ္စတို ၁ လက်၊ FCG-9 သေနတ် ထုတ်လုပ်သည့် 3D Printer စက် ၄ လုံး၊ FCG-9 သေနတ်အစိတ်အပိုင်းများ ထည့်ထားသည့် စက္ကူဖာ ၁ ပုံးတို့နှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ နေလ ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၂ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၌ အောင်ရဲကျော်(၃၂)နှစ်အား လည်းကောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်၊ (၉၂)ရပ်ကွက်၊ တိုက် (၂၄)၌ နိုင်အောင်(၂၂)နှစ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ စစ်တောင်းရပ်ကွက်၊ တိုက်(၂၄)၌ အောင်သူဟိန်း(၂၃)နှစ်၊ မင်းမြတ်အောင်(၂၀)နှစ်တို့ ၂ ဦးအား Sigsauer ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၉ တောင့်၊ လက်လုပ်မိုင်း ၄ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဝင်းနိုင်ဦး(ခ)ကိုချို ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၂ ရက် နေ့လည်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းဆုံ စစ်ဆေးရေးဂိတ်၌ FLA အကြမ်းဖက်အဖွဲ့မှ ဟန်လင်းဦး(၄၈)နှစ်၊ထောက်ကြန့်မြို့နေသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ ကုန်းလမ်းပို့ဆောင်ရေး ယာဉ်ရပ်နားဝင်းအနီး၌ ဝေယံဖြိုး(ခ) ဝေယံလေး(၂၃)နှစ်နှင့် ထက်ဝေယံ(ခ)ထက်ကြီး (၂၄)နှစ်တို့ ၂ ဦးအား MK-12 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၅၀ တောင့် တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကာ ၎င်းတို့၏ ထွက်ဆိုချက်အရ ကုန်းလမ်းပို့ဆောင်ရေး ယာဉ်ရပ်နားဝင်းအတွင်းရှိ ၎င်းတို့၏နေအိမ်မှ M4A1 သေနတ် ၁ လက်၊ AR-15 သေနတ် ၁ လက် ၊ Glock-19 ပစ္စတို ၁ လက်၊ Sigsauer ပစ္စတို ၁ လက်၊ ပွိုင့်-45 Syracuse သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၇ ခု၊ ကျည်မျိုးစုံ ၃၄၀ တောင့်၊ MG-1 လက်ပစ်ဗုံး ၃ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံး၊ M-14 နင်းမိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၁ လုံးတို့အား သိမ်းဆည်း ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်း တွင် သာကေတမြို့နယ်၊ (၁၀)တောင်ရပ်ကွက်၊ သလ္လာဝတီ(၃)လမ်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ M-16 ၃ လက်၊ FCG-9 ၂ လက်၊ M-16 ကျည်အိမ် ၆ ခု၊ FCG-9 ကျည်အိမ် ၆ ခု၊ ၅.၅၆ ကျည် ၉၀ တောင့်၊ ယမ်းတောင့် မျိုးစုံ ၇၈ တောင့်၊ ယမ်းကြိုး ၆ ချောင်း၊ ဒီတိုနေတာ ၆ ခု၊ ယမ်းစိမ်း ၈ ဘူးတို့အား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ထက်ဝေယံ(ခ)ထက်ကြီး ၏ ထွက်ဆိုချက်အရ နေ့လည် ပိုင်းတွင် ထောက်ကြန့်မြို့၊ ရဲစုတောင်ရပ်ကွက်ရှိ ၎င်းတို့၏ နေအိမ်၌ ဆွေဆွေလှိုင် (၂၃)နှစ်၊အောင်ကိုကို(၂၄)နှစ်နှင့် ဘောလုံးကွင်းရပ်ကွက်၌ လွင်ခန့်(၂၂)နှစ်တို့ ၃ ဦးအား လည်းကောင်း၊ ဖမ်းဆီးရမိတရားခံ နိုင်အောင်၏ ထွက်ဆိုချက်အရ မြောက်ဥက္ကလာပ မြို့နယ်၊ရွှေလက်ဘက်ရည်ဆိုင်အနီး၌ နိုင်လင်းအောင်(၂၂)နှစ်အား လည်းကောင်း ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၅ ရက်တွင် ကျောက်တံတားမြို့နယ်၊ အလယ်ဘလောက်၌ ငြိမ်းငြိမ်းအေး(ခ)မေဘယ် (၂၈)နှစ်အား လည်းကောင်း၊ မင်္ဂလာဒုံ မြို့နယ်၊အမှတ်(၃)လမ်းဆုံစစ်ဆေးရေးဂိတ်၌ ဇင်ကိုကိုအောင်(၂၉)နှစ်နှင့် ဟိန်းသက်ပိုင်ကျော် (၂၅)နှစ်တို့ ၂ ဦး အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇင်ကိုကိုအောင် ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၆ ရက် တွင် ဖမ်းဆီးရန်ကျန် ကိုဇေ ဌားရမ်းထားရှိသော တောင်ဥက္ကလာပမြို့နယ်၊ (၆) ရပ်ကွက်၊ ကုန်းဘောင်လမ်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရှာ M-16 ၃ လက်၊ ၅.၅၆ ကျည် ၃၀၀၀ တောင့် တို့အား လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊(၅၀)ရပ်ကွက်၊ ဗေဒါလမ်းရှိ ၎င်း၏နေအိမ်၌ ဝဏ္ဏကျော်(၃၉)နှစ်အား လက်လုပ် သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၁၃ လုံး၊ ဖောက်ခွဲရေးပစ္စည်းများနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၆ ရက် နေ့လည်ပိုင်း တွင် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းရှိ ၎င်းတို့၏ နေအိမ်၌ ခွန်ချိုထွန်း (၂၄)နှစ်နှင့် ထိန်လင်း (၂၀)နှစ်တို့ ၂ ဦးအား အသံတိတ်ပြောင်းပါ Glock ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ M-16 ကျည်အိမ် ၁ ခု၊ ၅.၅၆ ကျည် ၈၂ တောင့်၊ သံဘောစိ ၁၂ ဘူး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ် ရပ်ကွက်၊ အောင်ဇေယျ(၇)လမ်းရှိ နေအိမ်မှ လက်လုပ်မိုင်း ၇ လုံးအား လည်းကောင်း၊ အောင်ဇေယျလမ်းမကြီးရှိနေအိမ်မှ လက်လုပ်မိုင်း ၂ လုံး၊ ၉ မမ ကျည် ၁၅ တောင့် နှင့် ဖောက်ခွဲရေးပစ္စည်းများအားလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ နိုင်လင်းအောင် ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၆ ရက် ညပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၅)ရပ်ကွက်ရှိ ၎င်းတို့၏ နေအိမ်၌ သန်းနိုင်(၅၇)နှစ်နှင့် ကေသီ(၅၇)နှစ်တို့ ၂ ဦးအား FCG-9 ၁ လက်၊ ၉ မမ ကျည် ၂ တောင့်တို့နှင့်လည်းကောင်း၊ ဇန်နဝါရီလ ၁၇ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ဒဂုံလမ်း၊ ဆိုင်အမှတ်(ဈ/၆)၌ မျိုးဇော် (၄၁)နှစ်အား လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၉ လုံး တို့နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ သန်းနိုင် ၏ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၇)ရပ်ကွက်ရှိ နေအိမ်၌ စည်သူအောင် (၂၂)နှစ်၊ ထက်ပိုင်ဦး(၂၄)နှစ်တို့ ၂ ဦးအား လက်လုပ်ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၈ တောင့်တို့နှင့် လည်းကောင်း၊ တရားခံ နိုင်လင်းအောင်၏ ထွက်ဆိုချက်အရ ဒဂုံဆိပ်ကမ်း မြို့နယ်၊ (၉၃)ရပ်ကွက်၊ တိုက်(၁၈)၌ အောင်နိုင်(၃၉)နှစ်အား လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဝဏ္ဏကျော် ၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် ညီညီပိုင်(၂၀)နှစ်အား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၀)ရပ်ကွက်ရှိ နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ၊ ငုဝါလမ်းရှိ နေအိမ်၌ လက်လုပ်မိုင်း ၃ လုံး၊ Keypad ဖုန်း ၉ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းတို့အား လည်းကောင်း၊ နေ့လည်ပိုင်းတွင် နံ့သာမြိုင်လမ်း၊ သာသနာ့ရောင်ခြည်ဓမ္မာရုံ၌ အီနာဂါ ၈ လုံး၊ လက်လုပ်သေနတ် ၁ လက်နှင့် ၉ မမကျည် ၁၄ တောင့်တို့အားလည်းကောင်း ထပ်မံ သိမ်းဆည်းရမိခဲ့ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၇)ရပ်ကွက်၊ သဇင်လမ်း၊ ဒီဇင်ဘာသီရိဂေဟာအနီး၌ မြတ်နိုးမောင်(၂၅)နှစ်အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ မြတ်နိုးမောင် ၏ ထွက်ဆိုချက်အရ လှိုင် PDF အကြမ်းဖက် အဖွဲ့ခေါင်းဆောင် နိုင်ဝင်းအောင် ဦးစီး၍ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇန်နဝါရီလ ၁၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၁၁၅ မိုင် စစ်ဆေးရေးဂိတ်၌ နိုင်ဝင်းအောင် (၃၂)နှစ်၊ ရဲဝင်းနိုင်(၃၀)နှစ်၊ သန့်ဇင်အောင်(၂၉)နှစ်၊ ကျော်သက်နိုင် (၂၈)နှစ်နှင့် မင်းမင်းဝင်း (၃၉)နှစ်တို့ ၅ ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံ မင်းမင်းဝင်း ၏ ထွက်ဆိုချက်အရ ညပိုင်းတွင် ဇီဇဝါ(ခ)မဝါ(၅၅)နှစ်အား လှိုင်မြို့နယ်၊ (၂)ရပ်ကွက်၊ တိုက်အမှတ်(၂/A)၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ နိုင်ဝင်းအောင်၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ ၁၉ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒီဇင်ဘာအိမ်ရာ၊ တိုက်(၁၄၂)၌ MK-12 ၁ လက်၊ Sigsauer ပစ္စတို ၁ လက်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည်မျိုးစုံ ၄၆ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၄၃ ဦး၊ မ ၅ ဦး ပေါင်း ၄၈ ဦးနှင့်အတူ လက်နက်ငယ် မျိုးစုံ ၂၈ လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကျည်အိမ်မျိုးစုံ ၃၇ ခု၊ ကျည်မျိုးစုံ ၃၇၇၁ တောင့်၊ အီနာဂါ ၈ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၃၈ လုံး၊ အသံတိတ်ပြောင်း ၁ ခု၊ ယမ်းတောင့်မျိုးစုံ ၇၈ တောင့်၊ FCG-9 သေနတ်ထုတ်လုပ်သည့် 3D Printer စက် ၄ လုံး၊ FCG-9 သေနတ် အစိတ်အပိုင်းများ၊ ယမ်းကြိုးများ၊ ဒီတိုနေတာ များ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ နေလင်းအောင် သည် ဖမ်းဆီးရန်ကျန် တရားခံ နောင်ရိုး (ခ)ဝေဖြိုးဟန် ၏ စေခိုင်းမှုအရ ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ အမျိုးသား ၁၅ ဦးအား KNLA တပ်မဟာ(၆)တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် ပို့ဆောင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိ တရားခံများအနက် ခွန်ချိုထွန်း သည် KNLA တပ်မဟာ(၂)နယ်မြေ၌ လည်းကောင်း၊ ဇော်ကိုကို သည် KNLA တပ်မဟာ (၅)နယ်မြေ၌ လည်းကောင်း၊ ထက်ဝေယံ၊ ကောင်းမြတ်(ခ)ပြည့်စုံနှင့် အောင်ရဲကျော် တို့ ၃ ဦးသည် KNLA တပ်မဟာ(၆)နယ်မြေ၌ လည်းကောင်း၊ နိုင်လင်းအောင်၊ ထက်ဝေယံ၊ ဝေယံဖြိုး၊ လွင်ခန့်၊ အောင်ကျော်ဇော၊ ဇမ္ဗူထွန်းနှင့် ထက်ရွှေစင် တို့ ၇ ဦးသည် KNLA တပ်မဟာ(၇)နယ်မြေ၌ လည်းကောင်း အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ NUG အကြမ်းဖက် အဖွဲ့မှ လွင်ကိုလတ် ၏ စေခိုင်းမှုဖြင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ် ခြင်းနှင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများအား လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ထို့ပြင် လင်းထက်(ခ)မဟူရာ သည် စက်တင်ဘာလနှင့် အောက်တိုဘာလ၌ နေလင်းအောင်(ခ)ဖိုးကျော် စီစဉ်ပေးသည့် စမ်းချောင်းမြို့နယ်၊ ဓမ္မာရုံလမ်းရှိ ၎င်း၏ နေအိမ်နှင့်ကမာရွတ်မြို့နယ်ရှိ နေအိမ်တို့တွင် ဖမ်းဆီးရန်ကျန် တရားခံ အဂ္ဂ(ခ) အရှည်ကြီး၊ နိုင်ကြီး အပါ၈ ဦးအား လက်လုပ်ဗုံးနှင့် Keypad ဖုန်းဖြင့် ဖောက်ခွဲ နည်းအား သင်ကြားပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သော လက်နက်/ခဲယမ်းများအား ဖမ်းဆီးရန်ကျန် NUG အကြမ်းဖက်အဖွဲ့မှ လွင်ကိုလတ် ၏ စေခိုင်းမှုဖြင့် ရန်ကုန်တိုင်း ပကဖ အကြမ်းဖက်အဖွဲ့ တာဝန်ခံ ဝေဖြိုးဟန်(ခ)နောင်ရိုး မှ ခရိုင် ပကဖ အကြမ်းဖက်အဖွဲ့ တာဝန်ခံများအား ထုတ်ပေးခဲ့ကြောင်း၊ FLA အကြမ်းဖက်အဖွဲ့အတွက် လိုအပ်သော လက်နက်/ခဲယမ်း များအား KNLA တပ်မဟာ(၇)တွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ဖမ်းဆီးရန်ကျန် မင်းသုတ မှ မြဝတီမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။
ဖမ်းဆီးရမိတရားခံ ဇော်ကိုကိုနှင့် အောင်ဖြိုးသူတို့၏ ထွက်ဆိုချက်အရ လှိုင်သာယာ ပကဖ အမည်ခံ အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သော ကိုဖြိုး၊ ရဲနိုင် နှင့် လူကာ အပါ၁၀ ဦး တို့မှ လှိုင်သာယာမြို့နယ်အတွင်း အကြမ်းဖက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အနေဖြင့် -
၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် မြို့နယ်ခန်းမရှေ့၌ လည်းကောင်း။
ဩဂုတ်လ ၃၀ ရက်တွင် မြို့မရဲစခန်းရှေ့၌ လည်းကောင်း။
စက်တင်ဘာလ ၂၁ ရက်တွင် ရွှေလင်ပန်းအထည်ချုပ်စက်ရုံနှင့် ရိုးကြီး/ ရိုးလေးကျေးရွာ အနီး၌ လည်းကောင်း။
အောက်တိုဘာလ ၃ ရက်တွင် “ဝါဝါဝင်း” အထည်ချုပ်စက်ရုံအနီး၌ လည်း ကောင်း။
အောက်တိုဘာလ ၁၅ ရက်တွင် “စနေမ”အထည်ချုပ် စက်ရုံအနီး၌ လည်းကောင်း ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း။
နိုဝင်ဘာလ ၂၀ ရက်တွင် သောင်ကြီး နယ်မြေရဲစခန်းအား M-79 ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်ခဲ့ကြောင်း။
ဖမ်းဆီးရမိတရားခံ လင်းထက် ၏ ထွက်ဆိုချက်အရ အရှေ့ပိုင်းခရိုင် ပကဖ အမည်ခံ အကြမ်းဖက်အဖွဲ့အောက်ရှိ မြို့နယ် ပကဖအမည်ခံ အကြမ်းဖက် အဖွဲ့များ အနေဖြင့်-
ဩဂုတ်လ ၁၁ ရက်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၆)ရပ်ကွက်၊ လဝကရုံး အနီး၌ လည်းကောင်း။
ဩဂုတ်လ ၁၄ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ သုဓမ္မာ လမ်းမကြီးရှိ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှေ့၌ လည်းကောင်း။
အောက်တိုဘာလ ၁ ရက်တွင် ရန်ကင်းမြို့နယ်ရှိ ရင်းနှီးမြှုပ်နှံမှုရုံးအနီး၌ လည်းကောင်း။
အောက်တိုဘာလ ၁၇ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ကျောက်ရေတွင်း ခုံးတံတား အနီး၌ လည်းကောင်း။
အောက်တိုဘာလ ၂၄ ရက်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၀)ရပ်ကွက်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးအနီး၌ လည်းကောင်း။
အောက်တိုဘာလ ၂၆ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ကညနရုံး အနီး၌လည်းကောင်း။
အောက်တိုဘာလ ၂၇ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ယာဉ်ထိန်းရုံး အနီး၌ လည်းကောင်း။
နိုဝင်ဘာလ ၂ ရက်တွင် တောင်ဥက္ကလာပ မြို့နယ်၊ လျှပ်စစ်ရုံးအား လည်းကောင်း။
နိုဝင်ဘာလ ၁၆ ရက်တွင် တောင်ဥက္ကလာပ မြို့နယ်ရှိ “ငွေတောင်” စားသောက်ဆိုင်အနီး၌ လည်းကောင်း။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် သာကေတမြို့နယ်ရှိ လျှပ်စစ်ရုံးအား လည်းကောင်း လက်လုပ်ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း။
ဖမ်းဆီးရမိတရားခံ နိုင်အောင် ၏ ထွက်ဆိုချက်အရ ၎င်းသည် နိုဝင်ဘာလ ၈ ရက်တွင် MJF အကြမ်းဖက်အဖွဲ့ဝင်၊ ဖမ်းဆီးရန်ကျန် တရားခံ AK ထံမှ ရရှိသော ပစ္စတို ၁ လက်ဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်(၂)လမ်းနေ အပြစ်မဲ့ပြည်သူ ၁ ဦးအား လည်းကောင်း။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် နေလ ထံမှ ရရှိသော ပစ္စတို ၁ လက်ဖြင့် ငြိမ်းမြတ်သူ နှင့်အတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၂)ရပ်ကွက်၊ ရစဖ ရုံးအနီး၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား လည်းကောင်း လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
တရားခံများ၏ ထွက်ဆိုချက်အရ BRF အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်-
အောင်ကျော်ဇော၊ ဇမ္ဗူထွန်း၊ ပြည့်ဖြိုးအောင်၊ ဇင်မင်းလှိုင်၊အောင်ဇင်ထွေး ဖမ်းဆီးရန်ကျန် မန်းကီး နှင့် B-1 တို့ ၇ ဦး သည် ဒီဇင်ဘာလ ၆ ရက်တွင် မြောက်ဥက္ကလာပ မြို့နယ်၊ ကန်သာယာမီးပွိုင့်ရှိ ယာဉ်ထိန်းရုံးအား လည်းကောင်း။
ဒီဇင်ဘာလ ၁၆ ရက်တွင် ရွှေပေါက္ကံ အထက(၆) အနီး၌ လည်းကောင်း။
၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ ၅ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ ရစဖမှူးရုံးအနီး၌ လည်းကောင်း လက်လုပ်ဗုံးများဖြင့် ပစ်ခတ်ခဲ့ ကြောင်း။
တရားခံများ၏ ထွက်ဆိုချက်အရ FLA အကြမ်းဖက်အဖွဲ့ အနေဖြင့်-
ထက်ဝေယံနှင့် ဖမ်းဆီးရန်ကျန် မင်းသုတ၊ သန်းဇော်ဝင်း တို့ ၃ ဦးသည် မေလ ၁၃ ရက်တွင် မင်္ဂလာဒုံဈေးအနီးရှိ အမက(၂)စာသင်ကျောင်းအား လည်းကောင်း။
ဇူလိုင်လ ၉ ရက်တွင် အောင်ကိုကို နှင့် နိုင်ရှိန်းသူ တို့ ၂ ဦးသည် ခရေပင် ရိပ်မွန်၊ လျှပ်စစ်ဓာတ်အားခွဲရုံအနီး၌ လည်းကောင်း။
ဩဂုတ်လ ၄ ရက်တွင် ထက်ဝေယံနှင့် ဝေယံဖြိုးတို့ ၂ ဦးသည် မင်္ဂလာဒုံ မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအနီး၌ လည်းကောင်း ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း။
ဩဂုတ်လ ၁၄ ရက်တွင် ထက်ဝေယံ၊ ဝေယံဖြိုးနှင့် ဖမ်းဆီးရန်ကျန်တရားခံ နေလင်းဦး၊ ရှိန်းကြီး တို့ ၄ ဦးသည် မင်္ဂလာဒုံ မြို့နယ်၊ ကြံခင်းစုရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ အပြစ်မဲ့ပြည်သူ ၂ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ် ခဲ့ကြောင်း။
ဖမ်းဆီးရမိတရားခံ ဟိန်းသက်ပိုင်ကျော်၏ ထွက်ဆိုချက်အရ-
စက်တင်ဘာ ၉ ရက်တွင် ဟိန်းသက်ပိုင်ကျော်နှင့် ဖမ်းဆီးရန်ကျန် တရားခံ ခန့်ထက်ပိုင် တို့ ၂ ဦးသည် သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်းရပ်ကွက်ရှိ အပြစ်မဲ့ပြည်သူ ၁ ဦး၏ နေအိမ်အား လည်းကောင်း။
အောက်တိုဘာလ ၉ ရက်တွင် ဇင်ကိုကိုအောင်သည် ဖမ်းဆီးရန်ကျန် တရားခံ ဘိုဘို နှင့်အတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ YBS(၅၆) ယာဉ်အား လည်းကောင်း။
ဒီဇင်ဘာလ ၉ ရက်တွင် ဟိန်းသက်ပိုင်ကျော်၊ ခွန်ချိုထွန်း၊ ခန့်ထက်ပိုင် တို့ ၃ ဦးသည် သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဘူလရပ်ကွက် ရစဖရုံးအနီး၌ လည်းကောင်း။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် ခွန်ချိုထွန်း၊ ဟိန်းသက်ပိုင်ကျော်နှင့် ဘိုဘိုတို့ ၃ ဦးသည် သင်္ဃန်းကျွန်းမြို့နယ်၊ (၂၄)ရပ်ကွက်၊ ရစဖရုံးအနီး၌ လည်းကောင်း။
ဇန်နဝါရီလ ၈ ရက်တွင် ဟိန်းသက်ပို်ငကျော် သည် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ဈေးအနီး၌ လည်းကောင်း လက်လုပ်မိုင်းများဖြင့် ပစ်ခတ်ခဲ့ကြောင်း။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ လှိုင် PDF အကြမ်းဖက်အဖွဲ့နေဖြင့်-
ဇွန်လ ၂၃ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ ဆန်းဝင်းထွဋ်(ခ)ကြိုးကြာပါ ၄ ဦးမှ လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ၁ ဦးအား လက်နက် ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။
ဩဂုတ်လ ၂၉ ရက်တွင် ကျော်သက်နိုင် သည် ဆန်းဝင်းထွဋ်(ခ) ကြိုးကြာ၊ တင်ထူးမောင် တို့နှင့်အတူ လှိုင်မြို့နယ်၊ (၁)ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ၁ ဦးအား ဘူတာရုံလမ်းထိပ် မီးပွိုင့်အနီးတွင် လက်နက်ငယ်ဖြင့် ပစ်ခတ် ခဲ့ကြောင်း။
စက်တင်ဘာလ ၁၉ ရက်တွင် ရန်ကြီးအောင် သည် လှိုင်မြို့နယ်၊ (၁၄) ရက်ကွက်နေ အပြစ်မဲ့ပြည်သူ ၁ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ရာတွင် လည်းကောင်း။
အောက်တိုဘာလ ၁၀ ရက်တွင် ဖမ်းဆီးရန်ကျန် တုတ်ကြီးနှင့် နေတိုး မှ လှိုင်မြို့နယ်၊ (၂)ရက်ကွက်နေ အပြစ်မဲ့ပြည်သူ ၁ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ရာတွင် လည်းကောင်း။
နိုဝင်ဘာလ ၁၀ ရက်တွင် လှိုင်မြို့နယ်၊ ဘော်လီဘော အားကစားရုံရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား မြတ်နိုးမောင် နှင့် ပူတင် တို့မှ လက်နက် ငယ်ဖြင့် ပစ်ခတ်ရာတွင်လည်းကောင်း။
ဒီဇင်ဘာလ ၃ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဆန်းဝင်းထွဋ်(ခ) ကြိုးကြာ၊ ချယ်ချယ်၊ ဟိန်းသူအောင်၊ ရန်ကြီးအောင် တို့မှ လှိုင်မြို့နယ်၊ ၅ ရပ်ကွက်၊ သော်သဇင်ဈေးအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ရာတွင် လည်းကောင်း။
ဒီဇင်ဘာလ ၃၁ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော တင်ထူးမောင်၊ ဟိန်းသူအောင် တို့မှ လှိုင်မြို့နယ်၊ (၆)ရပ်ကွက်နေ အပြစ်မဲ့ ပြည်သူ ၁ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်ရာ တွင်လည်းကောင်း ကျော်သက်နိုင် မှ အခြေအနေများ စောင့်ကြည့်ပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက်အရ ဝေဖြိုးဟန်(ခ)နောင်ရိုး သည် ပြည်တွင်း၊ ပြည်ပရှိ အစွန်းရောက် NLD ပါတီ ထောက်ခံသူအချို့ထံမှ အကြမ်းဖက်လုပ်ငန်း ထောက်ပံ့ငွေများရယူကာ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင် ၄ ခု တာဝန်ခံများထံသို့ အကြမ်းဖက်လုပ်ငန်းများပြီးမြောက်ပါက တိမ်းရှောင်နိုင်ရန် Save House များ ငှားရမ်းခြင်းအတွက် ငွေကြေးများ ထောက်ပံ့ပေးလျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်နိုင်မှုအပေါ်မူတည်၍ ငွေကြေးများ ပိုမိုထုတ်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ ငြိမ်းမြတ်သူ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလ ၉ ရက်တွင် KNLA တပ်မဟာ(၆)တွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် MURM အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် မိုးသူသူအောင်(ခ)မေသက်ခိုင် မှ 3D Printer စက် ၄ လုံးအား ပို့ဆောင်ပေးခဲ့ပြီး ကောင်းမြတ်မှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၇၇)ရပ်ကွက်ရှိ Safe House ၌ FCG-9 သေနတ်များအား စမ်းသပ်ထုတ်လုပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက်အရ နိုင်လင်းအောင်သည် KNLA တပ်မဟာ (၇)တွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ဝေလင်းကျော်(ခ)ရဲရင့် နှင့် လည်းကောင်း၊ ထက်ဝေယံသည် KNLA တပ်မဟာ(၇)တွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော မင်းသုတ နှင့်လည်းကောင်း၊ ဇင်ကိုကိုအောင်သည် ချစ်တီး နှင့်အတူ ရပ်စောက်မြို့နေ ကိုဇေ နှင့်လည်းကောင်း ချိတ်ဆက်၍ မြဝတီမြို့မှ လက်နက်/ခဲယမ်းများအား သယ်ယူ/ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဝဏ္ဏကျော်သည် ကိုဇေ ၏ စေခိုင်း မှုဖြင့် ၎င်း၏နေအိမ်၌ လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိတရားခံ ငြိမ်းငြိမ်းအေး (ခ) မေဘယ် ၏ ထွက်ဆိုချက်အရ နိုဝင်ဘာလတွင် ဒဂုံဆိပ်ကမ်းမြို့နယ်နေ အပြစ်မဲ့ပြည်သူ ၁ ဦး လုပ်ကြံခံရမှုနှင့် ပတ်သက်သည့် သတင်းအား နိုင်လင်းအောင် ၏ ချိတ်ဆက်ပေးမှုဖြင့် YRG အကြမ်းဖက် အဖွဲ့ထံမှ ရရှိခဲ့ပြီး Mizzima သတင်းဌာနသို့ ပေးပို့ခဲ့ကြောင်း၊ အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်သည့် သတင်းများအား အယ်ဒီတာချုပ် စိုးမြင့် ထံသို့ နေ့စဉ်ပေးပို့ ရကြောင်း၊ လက်နက်/ခဲယမ်းရောင်းချရန်အတွက် နိုင်လင်းအောင် အား ဖမ်းဆီးရန်ကျန် ပိုင်ရဲသူ၊ ဥက္ကာ တို့နှင့် ချိတ်ဆက်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
အထက်ပါအကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်အတွက် အများပြည်သူ နှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု(၂၉)ကြိမ်နှင့် အပြစ်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု(၁၀)ကြိမ်တို့အား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။