အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ထောက်ပံ့မှုများကို လုပ်ဆောင်ခဲ့ကြသည့် ဖြိုးဇေယျာသော် (ခ)မောင်ကျော်(ခ)ရေခဲ နှင့် ကျော်မင်းယု(ခ)ဂျင်မီ တို့အား သေဒဏ်အမိန့်ချမှတ်
နေပြည်တော်၊ ဇန်နဝါရီ - ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၁)ရပ်ကွက်၊ ရတနာလမ်း၊ ရတနာနှင်းဆီအိမ်ရာနေ ဖြိုးဇေယျာသော်(ခ)မောင်ကျော်(ခ)ရေခဲ(ဘ) ဦးမြသော် သည် အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ရန်အတွက် ၎င်းပိုင်ဆိုင်သည့် နေအိမ်များဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊(၂၉)ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ်(၆၇)ရှိ နေအိမ်၌ လက်နက်မျိုးစုံ ၁၇၈ လက်၊ ကျည်အိမ်မျိုးစုံ ၁၃၀ ခု၊ ကျည်မျိုးစုံ ၈၅၆၀ တောင့်၊ ဗုံးသီးမျိုးစုံ ၃၂ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံးအား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ခ/င)ရပ်ကွက်၊ ပြည်သာယာလမ်းသွယ်(၄) လမ်းရှိ နေအိမ်၌ လက်နက်မျိုးစုံ ၃၉ လက်၊ ကျည်အိမ်မျိုးစုံ ၇၆ ခု၊ ကျည်မျိုးစုံ ၅၂၀၀ တောင့်တို့အား လည်းကောင်း သိမ်းဆည်းထားရှိခြင်းဖြင့် အကြမ်းဖက်သမားကို ဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကိုဖြစ်စေ၊ လက်နက်ခဲယမ်း မီးကျောက်များကို ထောက်ပံ့မှုပြုလုပ်ရန်အတွက် သိုဝှက်သိမ်းဆည်းထားခြင်း ကြောင့်လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ်ထားသော CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ၊ ၎င်းတို့၏ လက်အောက်ခံ Moon Light Operation အဖွဲ့များ နှင့် Zoom Meeting ပြုလုပ်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန်အတွက် လှုံ့ဆော်ခြင်း၊ ၎င်းတို့အား မထောက်ခံသူများ၊ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအား ပစ်ခတ်သတ်ဖြတ်ရန် အတွက် လက်နက်ငှားရမ်းထောက်ပံ့ပေးမှု ၃၅ ကြိမ်၊ လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ညွှန်ကြားခဲ့မှု ၁၁ ကြိမ်၊ ဖောက်ခွဲဖျက်ဆီးမှု အနေဖြင့် အစိုးရအဆောက် အဦများ ၃၀ ကြိမ်၊ အုပ်ချုပ်ရေးမှူးရုံးများ ၃၂ ကြိမ်၊ လျှပ်စစ်ရုံးနှင့် အနီးဝန်းကျင် ၂၅ ကြိမ်၊ က.ည.န ရုံးနှင့်အနီးဝန်းကျင် ၉ ကြိမ်၊ CCTV Control Box ၅ ကြိမ်၊ အများပြည်သူနှင့်ဆိုင်သော နေရာများ ၆၀ ကြိမ်၊ ဘာသာရေးအဆောက် အဦများ ၂ ကြိမ်၊ စာသင်ကျောင်း ၃ ကြိမ်၊ ယာဉ်ထိန်းရုံးများ ၁၂ ကြိမ် ပြုမှုလုပ်ဆောင်စေခဲ့ခြင်းနှင့် အဆိုပါအကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ရာတွင် ကြံရာ ပါအဖြစ် ပါဝင်ဆောင်ရွက်ခြင်းကြောင့် လည်းကောင်း၊ ပြည်ပရောက်နေသူများထံမှ အလှူငွေများ ကောက်ခံပြီး ကောက်ခံရရှိသည့်အလှူငွေများအား အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ငွေကြေးများထောက်ပံ့ခြင်း၊ လက်နက်/ခဲယမ်း များ ဝယ်ယူထောက်ပံ့ပေးခြင်းဖြင့် တရားဝင်သော နည်းလမ်းဖြစ်စေ၊ တရားမဝင် သော နည်းလမ်းဖြစ်စေ ၊ ရရှိသည့် ရန်ပုံငွေအားလုံး (သို့မဟုတ်) တစ်စိတ်တစ်ဒေသ ကို အကြမ်းဖက်သမားတစ်ဦးဦး (သို့မဟုတ်) အကြမ်းဖက်အုပ်စု တစ်ခုခု အသုံး ပြုရန် ရည်ရွယ်၍ ဉပဒေနှင့်မညီဘဲ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တမင်ကောက်ခံခြင်း(သို့မဟုတ်) ထောက်ပံ့မှု ပြုလုပ်ခြင်းဖြင့် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုပြုလုပ်ခဲ့ခြင်းတို့ကြောင့် လည်းကောင်း။
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ(၁)လမ်း နေ ကျော်မင်းယု(ခ)ဂျင်မီ (ဘ)ဦးတင်ယု သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့်ကြေညာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားသော CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု လုပ်ဆောင်ရာတွင် အသုံးပြုမည့် လက်နက်ခဲယမ်းထောက်ပံ့ရန်အတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၇)ရပ်ကွက်၊ ပင်လုံအိမ်ယာ၊ မြနှင်းဆီလမ်းရှိ နေအိမ်၌ AK-47 ၆ လက်၊ M-16 ၈ လက်၊ ၁၂ ဗို့ ၂ လက်၊ တူမီး ၁ လက်၊ ကျည်အိမ်မျိုးစုံ ၁၈ ခုအား သိုဝှက်သိမ်း ဆည်းခြင်းဖြင့် အကြမ်းဖက်မှုကို ဖြစ်စေ၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကို ဖြစ်စေ၊ လက်နက်၊ ခဲယမ်းမီးကျောက်များ ထောက်ပံ့မှု ပြုလုပ်ရန်အတွက် သိုဝှက် သိမ်းဆည်းခြင်း၊ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသည့် CRPH၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံဖြစ်သည့် Moon Light Operation အဖွဲ့များနှင့် Zoom Meeting ပြုလုပ်၍ ရန်ကုန်မြို့ အတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု ပြုလုပ်ရန် လှုံ့ဆော်ခြင်း၊ လုံခြုံရေး ဂိတ်များ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများနှင့် နယ်မြေခံ တပ်များအား တိုက်ခိုက် ဖောက်ခွဲဖျက်ဆီးရန်အတွက် အကြံပေးအဖြစ်ပါဝင် ဆောင်ရွက်ခြင်း၊ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသည့် CRPH၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံဖြစ်သည့် “နွေဦးကံ့ကော်” အဖွဲ့သို့ လက်နက်ခဲယမ်းများ ဝယ်ယူ/ပြုလုပ်ရန်အတွက် ငွေကြေး လွှဲပြောင်းထောက်ပံ့ ပေးခြင်း၊ UMCD အဖွဲ့နှင့်ပူးပေါင်း၍ အမေရိကန်ဒေါ်လာ သိန်း ၁၀၀၀ ခန့်တန်ဖိုးရှိ သေနတ်ထုတ်လုပ်နိုင်သည့် 3D Printer ဝယ်ယူရန် NUG အကြမ်းဖက်အဖွဲ့သို့ ဆက်သွယ်တောင်းခံခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့ရန် အမေရိကန်ဒေါ်လာများအား ဝယ်ယူ၍ မြန်မာငွေဖြင့် လဲလှယ်ပေးမှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ခြင်းဖြင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့်လည်း ကောင်း စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည) တို့အရ ဇန်နဝါရီ ၂၁ ရက်တွင် ၎င်းတို့ ၂ ဦးအား “ သေဒဏ် ” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။