ကယားပြည်နယ်၊ လွိုင်ကော်မြို့အနီး KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များက ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု များ ထပ်မံကျူးလွန်
နေပြည်တော်၊ ဇန်နဝါရီ - ၂၁
ကယားပြည်နယ်၊ လွိုင်ကော်မြို့တောင်ဘက်ရှိ စံပြ(၆)မိုင်ကျေးရွာအတွင်း KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ခိုအောင်းရောက်ရှိနေကြောင်း အကြမ်းဖက်အဖွဲ့ အစည်းများကို မလိုလား၊ လက်မခံသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ ယနေ့မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖော်ထုတ်ချေမှုန်း ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်အဖွဲ့ များသည် လူနေအဆောက်အဦများ၊ အစိုးရအဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ် ရယူ၍လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား အန္တရာယ်အတွင်းမှဘေးကင်းရာသို့ သွားလာခွင့်ပြုရမည့် အစား လူသားတံတိုင်းအဖြစ် အသုံးပြု၍လည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များကို ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။ ထို့သို့ ထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး အတတ်နိုင်ဆုံး ထိန်းချုပ်ပစ်ခတ်၍ ချေမှုန်းတိုက်ခိုက်ခဲ့ရာ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စံပြ(၆)မိုင်ကျေးရွာ၏ အနောက်မြောက်ဘက်ရှိ ဒေသအခေါ် ဂေါ်ရခါးကျေးရွာသို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များက ထပ်ကြပ်လိုက်လံ တိုက်ခိုက်ခဲ့သည်။
ဆုတ်ခွာထွက်ပြေးသွားသည့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းကျေးရွာအတွင်းရှိ လူနေ အဆောက်အဦများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို အကာအကွယ် ရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထပ်မံပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ သည့်အပြင် ၎င်းကျေးရွာ၏အနောက်မြောက်ဘက်ရှိ ဟိုဖိတ်ကျေးရွာအတွင်း ခိုအောင်းရောက်ရှိလျက်ရှိသည့် အကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ်များ အသုံးပြု၍ ထပ်မံအင်အားဖြည့်တင်းကာ တိုက်ခိုက်နိုင်ရေး လုပ်ဆောင်လာခဲ့ သည်။ အကြမ်းဖက်အဖွဲ့များ၏ ဒေသခံပြည်သူလူထုအပေါ် ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ ထိုကဲ့သို့ အင်အားဖြည့်တင်းမှုကို လုပ်ဆောင်နိုင်မှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများအသုံးပြု၍ ပိုင်းဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အဆိုပါလုပ်ရပ်များ သည် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်များမဟုတ်ဘဲ ဘာသာရေးနှင့် သက်ဆိုင် သည့် အဆောက်အဦ၊ ပညာရေးဆိုင်ရာအဆောက်အဦများနှင့် လူနေရပ်ကွက် အဆောက်အဦများကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ တိုက်ပွဲတွင် ဒေသခံပြည်သူများကို အသက်အန္တရာယ်ဇုံမှကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့် အစား လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်းတို့ကိုလုပ်ဆောင်၍ ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းဖြစ်သောကြောင့် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုထိခိုက်နစ်နာမှုမရှိစေရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းစေရေးအတွက် အကြမ်းဖက်အဖွဲ့များအား ဆက်လက်ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။