ဘာစီလိုနာအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန် တရားဝင်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း တိုက်စစ်မှူးအော်စကာအတည်ပြု

ချယ်လ်ဆီးအသင်းကစားသမားဟောင်း တိုက်စစ်မှူး  အော်စကာက  ဘာစီလိုနာအသင်းသို့  အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားရန် တရားဝင်ဆွေးနွေးမှုများပြုလုပ်နေကြောင်း အတည်ပြု ပြောကြားခဲ့သည်။

လက်ရှိ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းပေါ့အသင်းတွင် ကစားနေသည့် တိုက်စစ်မှူး အော်စကာသည် တရုတ်စူပါလိဂ်ပြိုင်ပွဲအနေဖြင့်  မတ်လကုန်အထိ ရပ်နားမည်ဖြစ်သည့်အတွက်   ရပ်နားထားသည့် ကာလအတွင်း ဥရောပထိပ်တန်းကလပ် အသင်းတစ်သင်းသို့ ရာသီဝက်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစား လိုနေခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းက ကစားသမားအင်အားကို ဖြည့်တင်းလိုနေသော်လည်း အသင်းဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကစားသမားခေါ်ယူရန် အခက်အခဲများ ရှိနေခြင်းကြောင့် အော်စကာကို ပြောင်းရွှေ့ကြေးပေးရမည် မဟုတ်ဘဲ ခေါ်ယူနိုင်မည်ဖြစ်သည့်အတွက် ကမ်းလှမ်းမှုများ ပြုလုပ်ထားခြင်းဖြစ်သည်။

ရှန်ဟိုင်းပေါ့အသင်းကလည်း ဘာစီလိုနာအသင်း အနေဖြင့် အော်စကာ၏လုပ်ခလစာကို ပေးချေမည် ဆိုပါက ရာသီကုန်အထိ အငှားစာချုပ်ဖြင့် စေလွှတ်မည်ဟု  ထုတ်ပြန်ထားသော်လည်း  ဘာစီလိုနာအသင်းအနေဖြင့် အော်စကာကို ပြောင်းရွှေ့ကြေးပေးချေရမည် မဟုတ်သော်လည်း အော်စကာအတွက် လုပ်ခလစာ ပေးချေရမည်ဖြစ်သည့်အတွက် လက်ရှိအသင်းဘဏ္ဍာရေး အခြေအနေကြောင့် အသင်းကစားသမားစာရင်း ထည့်သွင်းရန် အခက်ကြုံလာဖွယ်ရှိနေသည်။

ဘာစီလိုနာအသင်းက ကျွန်တော့်ကို ရာသီဝက်အငှားစာချုပ်နဲ့    ခေါ်ယူဖို့    ကမ်းလှမ်းခဲ့ပါတယ်။

ကျွန်တော် ဘာစီလိုနာအသင်းမှာ အငှားစာချုပ်နဲ့ ကစားနိုင်ဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ တရုတ်စူပါလိဂ်ပွဲတွေ ရပ်နားဦးမှာဖြစ်လို့ ဘာစီလိုနာအသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားချင်ပါတယ်ဟု အော်စကာက ပြောသည်။           

Ref;The Athletic