နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)ရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)ရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော် ဇန်နဝါရီ - ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)ရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစု ဝင်များအား သွားရောက်တွေ့ဆုံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ၏ လူမှုစီးပွားဘဝ အတိုင်းအတာတစ်ခုအထိ အဆင်ပြေစွာ ရပ်တည် နေထိုင်နိုင်ရေး အမြဲတမ်းစဉ်းစား၍ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊  ယခု အဆင့် မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး)တွင် နေထိုင်သည့် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအနေဖြင့် ပြည့်စုံသည် မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ အဆင်ပြေစွာ နေထိုင်နေကြရသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း။

နိုင်ငံတော်အနေဖြင့် ရှိရင်းစွဲလုပ်ငန်းများ၊ အကြမ်းဖက်သမားများ၏ အဖျက် အမှောင့်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လုပ်ငန်းများနှင့် အခြေအနေ အရပ်ရပ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရလျက်ရှိကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ဂျက် ကန့်သတ်ချက်ရှိပြီး တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တပ်မတော် ပိုင် စီးပွားရေးလုပ်ငန်းများကို  နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများ ပြည့်မီ စွာပေးသွင်း၍ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့် အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခွင့်အရေးများ တောင်းဆိုခဲ့ခြင်းမရှိကြောင်း၊ ရရှိလာသည့် အကျိုးအမြတ်များမှ ယခု ကဲ့သို့ တပ်မတော်သား၊ စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းပင် ဖြစ်ကြောင်း။

တပ်မတော်မှ ဆောင်ရွက်ပေးထားသည့် အိမ်ရာများ၊ အလုပ်အကိုင် အခွင့် အလမ်းများကို ဖန်တီးထားပြီးဖြစ်သဖြင့် မိမိတို့နေထိုင်ရသည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူတို့၏ သဘောသဘာဝသည် အလုပ်မလုပ် ပါက ထုံထိုင်းသွားတတ်ပြီး ဘဝပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သောကြောင့် မိမိတို့ လုပ်နိုင်သရွေ့ လုပ်ဆောင်ကြရန်၊ အခြေအနေပေးသရွေ့ လုပ်ဆောင်ကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ပြီး မိမိကိုယ်တိုင်နှင့် မိမိ မိသားစုကို ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အပျော်အပါး၊ အသောက်အစား၊ အလောင်းအစားများ နှင့်ပတ်သက်၍ မိမိတို့ တစ်ဦးချင်းကိုယ်စီအသိစိတ်ဖြင့် ရှောင်ကြဉ်ကြရန် လိုအပ်မည် ဖြစ်သကဲ့သို့ မိမိတို့၏ သားသမီးများကိုလည်း ဘာသာတရား အဆုံးအမများဖြင့် နေထိုင်တတ်အောင် ထိန်းကြောင်းပေးကြရမည်ဖြစ်ကြောင်း။

မိမိတို့တစ်ဦးချင်း၏ အသိစိတ်ဓါတ်ဖြင့် မိမိနှင့် မိမိတို့၏ မိသားစုများကို ထိန်းသိမ်းနေထိုင်ခြင်းဖြင့် ကောင်းမွန်သည် လူမှုဘဝပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုနှင့် ပတ်သက်သည့် ပွဲလမ်းသဘင်များကို လုပ်ဆောင်၍ ရသည်ဖြစ်သော်လည်း နည်းလမ်းမကျသော သောက်စားပျော်ပါးသည့် ပျော်ရွှင်မှုများ ကို မလုပ်ဆောင်ကြစေလိုကြောင်း။

တပ်မတော်သားများသည် မိမိတို့၏ သဘောဆန္ဒများအလျောက် တပ်မတော် တွင်းသို့ ဝင်ရောက်အမှုထမ်းခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံအဝန်းမှ နိုင်ငံသားများ ပေါင်းစည်း ထားခြင်းပင်ဖြစ်ကြောင်း၊ အိမ်ရာတွင်နေထိုင်သည့် စစ်မှုထမ်းဟောင်းများသည် တပ်ပေါင်းများစွာတွင် အမှုထမ်းခဲ့ကြသူများဖြစ်ပြီး ဆွေရင်းမျိုးရင်းများမဟုတ်ကြ သော်လည်း သွေးသားမတော်စပ်သည့် မိသားစုများပင်ဖြစ်သည့်အတွက် ညီအကို၊ ညီ အစ်မ၊ မောင်ရင်းနှမသဖွယ် စိတ်ဓာတ်ဖြင့် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ လူတို့၏ သဘောသဘာဝအရ မတူညီမှု၊ မညီမျှမှုများရှိကြသည်ဖြစ်သော်လည်း ညီရင်းအကို ဟူသည့် စိတ်ကို အရင်းခံ၍ ဆောင်ရွက်မည်ဆိုပါက မတူညီမှုများကို အနည်းဆုံးဖြစ် အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုရှိရန် အဓိက အရေးကြီး ကြောင်း၊ တပ်မတော်သားများသည် ပြည်သူကြားက ပေါက်ဖွားလာခြင်းဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် နိုင်ငံတော်ကာကွယ် ရေးတာဝန်များကို ထမ်းဆောင်နေသည့် တပ်မတော်ကို အလေးထားကြပြီး နိုင်ငံရေး အရ အမြတ်ထုတ်လိုသူ၊ အသုံးချလိုသူများကသာလျင် တပ်မတော်၏ အမျိုးသား နိုင်ငံရေး တာဝန်ထမ်းဆောင်မှုများကို နိုင်ငံရေးတွင် အသုံးချခဲ့ကြသည်များရှိကြောင်း။

စစ်မှုထမ်းဟောင်းများအနေဖြင့် မိမိတို့၏ သားသမီးများ၏ လူမှုဘဝမြင့်မားရေး၊ ဘဝတစ်လျှောက်အေးချမ်းသာယာစွာ ဖြတ်သန်းနိုင်ရေးအတွက် ပြုစုပျိုးထောင်ပေး ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်နှင့် တပ်မတော်က လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် မိမိတို့ သားသမီးများ၏ ပညာရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး) တွင်နေထိုင်သည့် စစ်မှု ထမ်းဟောင်းများ၊ မိသားစုဝင်များအတွက် ဆန်၊ ဆီ နှင့် တပ်မတော်စက်ရုံထုတ် စား သောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ စစ်မှုထမ်းဟောင်းတစ်ဦးက လက်ခံရယူ သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး အိမ်ရာအတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။