ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း

၁။ လျှောက်ထားသူသည်-

    (က)ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်။

    (ခ)အနည်းဆုံးအရပ် (၅)ပေ၊ (၃)လက်မနှင့် ကိုယ်အလေးချိန်ပေါင် (၁ဝဝ)ထက် မနည်းရ၊ ပေါင် (၁၃ဝ)ထက်မကျော်ရ။

    (ဂ)မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။

    (ဃ)တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။မည်သည့်ဘွဲ့မဆို လျှောက်ထား နိုင်သည်။

    (င)မဟာဘွဲ့ တက်ရောက်ရန် အဆင့်မီသူ ဦးစားပေးမည်။ မဟာဘွဲ့ရရှိပြီးသူ၊ ပါရဂူဘွဲ့ ရရှိပြီးသူများလည်း လျှောက်ထားနိုင်သည်။

    (စ)ဘွဲ့လက်မှတ်(မူရင်း)နှင့် ဘွဲ့ရအမှတ်စာရင်း တင်ပြနိုင်ရမည်။

   (ဆ) ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အသက် ၂၅ နှစ်ထက် မကျော်လွန်စေရ။ မဟာဘွဲ့ရရှိပြီးသူများ အနေဖြင့် ၂၇ နှစ်အထိ လည်းကောင်း၊ ပါရဂူဘွဲ့ရရှိပြီးသူများ အနေဖြင့် ၃ဝ နှစ်အထိလည်းကောင်းလျှောက်ထားနိုင်သည်။

    (ဇ)ဗိုလ်လောင်းသင်တန်း တက်ရောက် အောင်မြင်ပါက ဒုတိယဗိုလ်အဆင့် စတင်ခန့်အပ်ခြင်း ခံရမည်။မဟာဘွဲ့ရရှိပြီးသူ၊ ပါရဂူဘွဲ့ရရှိပြီးသူများသည် ဗိုလ်အဆင့် စတင်ခန့်အပ်ခြင်း ခံရမည်။

    (ဈ)တပ်မတော်မှ လေ့ကျင့်သင်ကြားမှု စနစ်အတိုင်း လိုက်နာ ဆောင်ရွက်နိုင်သူဖြစ်ရမည်။

၂။ လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ ရယူနိုင်သည်။

၃။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာ(မူရင်း)၊ ပတ်စ်ပို့အရွယ် ဓာတ်ပုံ(၃)ပုံနှင့် တပ်မတော်ဆေးရုံ/ပြည်သူ့ ဆေးရုံတို့မှ ပဏာမဆေးစစ် အောင်မြင်ကြောင်း ထောက်ခံချက် ပူးတွဲတင်ပြရမည်။

၄။ အစိုးရဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ပါရှိရမည်။

၅။      လျှောက်လွှာများကို ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စတင် ထုတ်ပေးမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူရရှိသော တိုင်းစစ်ဌာနချုပ်မှ တစ်ဆင့် အချိန်မီပေးပို့ကြရမည်။

၆။ သတ်မှတ်ချက်နှင့်ပြည့်စုံပြီး အရည်အချင်းပြည့်မီသော လျှောက်လွှာရှင်များသာ တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရမည်။ အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် အချိန်မီပေးပို့သွားမည်။

၇။ သတ်မှတ်ထားသည့် အချက်အလက်များ တိကျပြည့်စုံစွာ ရေးသားဖော်ပြခြင်း မရှိသော လျှောက်လွှာများ၊မမှန်မကန်ဖြည့်စွက် ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီ မရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ မိမိတို့လျှောက်လွှာ တင်သွင်းသည့် တိုင်းစစ်ဌာနချုပ်တွင် ရွေးချယ်ခြင်း ခံရသည်/မခံရသည်ကို သွားရောက်စုံစမ်း မေးမြန်းနိုင်သည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)