ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် ၂၅ နှစ်နှင့် အောက် အမျိုးသား၊ အမျိုးသမီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ ဒီဇင်ဘာ - ၂၅
၂၀၂၂ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက် ၂၅ နှစ်နှင့် အောက် အမျိုးသား၊ အမျိုးသမီး ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ကိုးသိန်းအားကစားခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဧရာဝတီတိုင်းဒေသကြီး၊ နိုင်ငံ့လက်ရွေးစင်ရိုးရာခြင်းလုံးခတ်ကစားသမားများ၏ အလှ ခတ်စွမ်းရည်ပြသမှုများနှင့် အမျိုးသားရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ အဖွင့်ပွဲစဉ် ဖြစ်သည့် မြောင်းမြခရိုင်အသင်း၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြ သည်။
အဆိုပါ ဝန်ကြီးချုပ်ဖလားရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို ခရိုင်(၆)ခုမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၆ သင်းနှင့် အမျိုးသမီးအသင်း ၆ သင်းတို့ဖြင့် ဇန်နဝါရီ ၂၈ ရက် အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။