လားရှိုးမြို့ဂုဏ်ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ မင်္ဂလာစည်တော်ကြီး အသစ် တင်လှူ

လားရှိုးမြို့ဂုဏ်ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ မင်္ဂလာစည်တော်ကြီး အသစ် တင်လှူ

နေပြည်တော်၊ ဇန်နဝါရီ - ၂၅
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ဂုဏ်ကျက်သရေဆောင် သာသနာ့ဗိမာန် တော်ကြီးရှိ နှစ်ကာလကြာမြင့်ပြီဖြစ်၍ ဟောင်းနွမ်းနေသော မင်္ဂလာစည်တော်ကြီးနေရာ တွင် မင်္ဂလာစည်တော်ကြီးအသစ် တင်လှူခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသာသနာ့ ဗိမာန်တော်ကြီး၌ပြုလုပ်ရာ မဟာဗောဓာရုံကျောင်း ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဗောဓာရုံကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးက  မင်္ဂလာ စည်တော်ကြီးကို သံဃာတော်များထံသို့ ဆက်ကပ်လှူဒါန်းရာ သံဃာတော်များက ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးတော်မူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နဝကမ္မအလှူငွေများနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းဆရာတော် နိုင်ငံတော် ဗဟိုသံဃ ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဥတ္တမထံမှ အနုမောဒနာတရားနာကြားပြီး သံဃာ တော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
    
ထို့နောက် တိုင်းမှူး၊ ဆရာကဝိကျော်ထင်နှင့် တက်ရောက်လာကြသူများက မင်္ဂလာ စည်တော်ကြီးအား ဘိသိက်ချီးမြှောက်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခဲ့ကြ ကြောင်း သတင်းရရှိသည်။