COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပစ္စည်းများ လာရောက်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၂၃

COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက အထောက်အကူပြုပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေလီရိပ်သာရှိ ရွှေလီရတနာဧည့်ခန်းမဆောင်၌ လာရောက်လှူဒါန်းသည်။
    
ထိုသို့လှူဒါန်းရာတွင် အလှူရှင်ဖြစ်သည့် လားရှိုးမြို့၊ ရှမ်းရိုးမအေးချမ်းရေး ကုမ္ပဏီလိမိတက် ဥက္ကဋ္ဌ ဦးစိုင်းခမ်းမွန်းက နှာခေါင်းစည်း ၆၀၀၀၀ ခု၊ ရေမလိုလက်သန့် ဆေးရည် ၁၅၀ ဘူး၊ လက်အိတ် ၅၀၀၀ ခု၊  PPE  ဝတ်စုံ ၂၀၀ စုံနှင့်  FACE  SHIELD ၅၀၀၀ ခုတို့ကိုပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။