ရွှေကျင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများအား သွားရောက် ကြည့်ရှုအားပေး၊ COVID-19 ရောဂါနှင့်ပတ်သက်၍ သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိမည့်နေရာများကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ- ၂၃
    
ပဲခူးတိုင်းဒေသကြီး။ ရွှေကျင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။
    
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံ၌ COVID-19  ရောဂါ နှင့် ပတ်သက်၍ သီးသန့်စောင့်ကြည့်ရမည်သူများ ထားရှိရန်အတွက် ပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်ကျောင်း၊ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းနှင့် အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တို့၌  COVID-19 ရောဂါနှင့် ပတ်သက်၍ သီးသန့်စောင့်ကြည့်ရမည်သူများ ထားရှိရန်အတွက် ပြင်ဆင်ထားရှိမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။