နေပြည်တော်၊စက်တင်ဘာ- ၂၃
ရခိုင်ပြည်နယ်အတွင်း Coronavirus Disease 2019 (COVID-19) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု ပိုမိုများပြားလာသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်များ၏ အဓိ ပတိဆရာတော် အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇမဟာ သဒ္ဓမ္မဇောတိကဓဇမှ COVID-19 ရောဂါ ကာကွယ်ကုသရေးနှင့်ထိန်းချုပ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် လှူဒါန်းသည့် ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့်စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံလေ တပ်စခန်း ဌာနချုပ် မှ တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ကူညီပို့ဆောင်ပေးသည်။
အဆိုပါလှူဒါန်းမှုသည် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်များ၏ အဓိပတိ ဆရာတော် အဂ္ဂမဟာပဏ္ဏိတအဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇမဟာသဒ္ဓမ္မဇောတိကဓဇမှ ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ကုသရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော် ဦးပညာဇောတထံသို့ COVID-19 ရောဂါ ကာကွယ်ကုသရေးနှင့် ထိန်းချုပ်ရေး ပစ္စည်းများကို ပေးပို့လှူဒါန်းခြင်းဖြစ်သည်။
ထိုသို့ပေးပို့လှူဒါန်းရာတွင် တပ်မတော်ပို့ဆောင်ရေးလေယာဉ်နှင့် အတူCOVID-19 ရောဂါကာကွယ်ကုသရေး နှင့် ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးပစ္စည်းများဖြစ်သောဘေစင်ရေပိုက်(၂)တွဲ၊ ဘေစင်ရေခွက်(၄)တွဲ၊ ရေပိုက် (၃)မျိုး ပါ(၂)ဖာ၊ Mask(၉)ပုံး၊ လက်ညှစ်ဆေးဖြန်းဘူ(၉)ပုံး၊ ဆိုင်းဘုတ်(၄)တွဲ၊ စားသောက်ကုန်များ တင်ဆောင်သွားကြောင်းနှင့် စစ်တွေတပ်နယ်အတွက် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကိုပါ သယ်ဆောင်သွားကြောင်းသတင်းရရှိသည်။