တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၂၆
    
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒကိ္ခဏ သီရိမြို့နယ်ရှိ ရွှေပြည်တော်ဝင်သာမဏေကျော်ပရိယတ္တိစာသင်တိုက်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာရှိ ဝေနေယျသုခဘုန်းတော်ကြီး ကျောင်း၊ ကံပေါက်တိုက်နယ်ရှိ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ရွှေစေတီ ဘုန်းတော်ကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၉)ရပ်ကွက်ရှိ မဟာဝိစိတ္တာရုံပရဟိတ စာသင်တိုက်၊ မှော်ဘီမြို့နယ်၊ သရက်ကုန်း ကျေးရွာရှိ အရှေ့သရက်ကုန်းကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ရှိ ဒေးစွန်ပါစေတီတော်ဝင်ကျောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့ နယ်ရှိ ကာယသုခကျောင်းတိုက်တို့မှ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက် အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။