ပုသိမ်မြို့၊ စက်တော်ရာဘိုးဘွားရိပ်သာနှင့် တိုင်းစစ်ဌာနချုပ်ရှိ အဘိုးအဘွားများအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်း

ပုသိမ်မြို့၊ စက်တော်ရာဘိုးဘွားရိပ်သာနှင့် တိုင်းစစ်ဌာနချုပ်ရှိ အဘိုးအဘွားများအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇန်နဝါရီ - ၂၆
    
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စက်တော်ရာဘိုးဘွားရိပ်သာရှိ အဘိုး အဘွားများအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်- ၁၉ ရောဂါ အထောက်အကူပြုဆေးဝါးပစ္စည်းများ၊ အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် ဆေးပဒေသာပင်အလှူငွေများ သွားရောက် ထောက်ပံ့ပေးအပ်ရာ အဘိုးအဘွားများကိုယ်စား တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။ ယင်းနောက် နယ်မြေခံဆေးအဖွဲ့က အဘိုးအဘွားများအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပေး သည်။
    
ထို့နောက် တိုင်းစစ်ဌာနချုပ်ရှိ ကန်တော့ခံဘိုးဘွား ၂၃ ဦးအား တိုင်းမှူးနှင့် တာဝန်ရှိသူများက  တိုင်းစစ်ဌာနချုပ်ရှိ သာသနဝံသဓမ္မာရုံ၌ ပူဇော်ကန်တော့ပြီး အလှူငွေများ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ ကန်တော့ခံ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ပူဇော်ကန်တော့ရခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားများနှင့် ဆုပေးစကားများပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဘိုးအဘွားများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများကျွေးမွေးလှူဒါန်းပြီး နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။