ဂျူဗင်တပ်စ်အသင်းက ဖီအိုရင်တီးနား အသင်း တိုက်စစ်မှူး ဗလာဟိုဗစ်ချ်ကို ယူရို ၇၅ သန်းဖြင့် ယခုရက်ပိုင်းအတွင်း အပြီးသတ်ခေါ်ယူ စာချုပ်ချုပ်ဆိုရန် နီးစပ်နေ

ဂျူဗင်တပ်စ်အသင်းက ဖီအိုရင်တီးနား အသင်း တိုက်စစ်မှူး ဗလာဟိုဗစ်ချ်ကို ယူရို ၇၅ သန်းဖြင့် ယခုရက်ပိုင်းအတွင်း အပြီးသတ်ခေါ်ယူ စာချုပ်ချုပ်ဆိုရန် နီးစပ်နေ

ဂျူဗင်တပ်စ်အသင်းက    ဖီအိုရင်တီးနားအသင်း တိုက်စစ်မှူး ဗလာဟိုဗစ်ချ်ကို ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းဖြင့် ယခုရက်ပိုင်းအတွင်း အပြီးသတ်ခေါ်ယူ စာချုပ်ချုပ်ဆိုရန်   နီးစပ်နေပြီဖြစ်ကြောင်း   သိရသည်။

ယခုဘောလုံးရာသီအစောပိုင်းက ဖီအိုရင်တီးနား အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်ချ်ကို အာဆင်နယ် အသင်းက    ကမ်းလှမ်းမှုများပြုလုပ်ခဲ့သော်လည်း ဗလာဟိုဗစ်ချ် ကိုယ်တိုင်က   အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ ကစားလိုခြင်းမရှိဘဲ  စီးရီးအေတွင်သာ ဆက်လက် ကစားလိုနေသည့်အတွက် ဂျူဗင်တပ်စ် အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းက ဗလာဟိုဗစ်ချ်ကို ခေါ်ယူရန် အစောပိုင်းကတည်းက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားခြင်းဖြစ်ပြီး   လက်ရှိတွင်   ဖီအိုရင် တီးနားအသင်းနှင့် အပြီးသတ် ဆွေးနွေးမှုများ ပြုလုပ်နေကာ ပြောင်းရွှေ့ကြေး  ယူရို  ၇၅  သန်းဖြင့်  ခေါ်ယူရန်  သဘောတူညီမှု ရရှိထားပြီး  နောက်ဆုံးအဆင့် ဆွေးနွေးပြီးလျှင်   အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။

ဗလာဟိုဗစ်ချ်သည် ယခုဘောလုံးရာသီ စီးရီးအေ ပြိုင်ပွဲ၌ ၂၁  ပွဲကစားအပြီးတွင် ၁၇  ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက် ရှိကြောင်း သိရသည်။