ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ်အသင်း စာရင်းတွင် ဘာစီလိုနာ အသင်း ထိပ်ဆုံး၌ ရပ်တည်
ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ်အသင်း ၂ဝ စာရင်းတွင် လက်ရှိ ဘဏ္ဍာရေး အကျပ်အတည်း တွေ့ကြုံနေရသည့် ဘာစီလိုနာအသင်းက ထိပ်ဆုံးမှ ရပ်တည်လျက် ရှိကြောင်း သိရသည်။
ကမ္ဘာ့ထိပ်တန်းသတင်း မီဒီယာတစ်ခုဖြစ်သည့် ွျှနေူအ့ပ ွသမငူူေ ၏ စစ်တမ်းကောက်ယူဖော်ပြချက် အရ ဘာစီလိုနာအသင်းသည် လက်ရှိတွင် အသင်း ဘဏ္ဍာရေး အကျပ်အတည်း တွေ့ကြုံနေရသော်လည်း အသင်းတန်ကြေးမှာ အမေရိကန်ဒေါ်လာ ၉၅၉ သန်း ဖြင့် ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းအဖြစ် ရပ် တည်နိုင်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် အစောပိုင်းနှစ်များက တည်းက ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းစာရင်း၌ ရပ်တည်နိုင်ခဲ့ပြီး လက်ရှိတွင် အသင်းအနေဖြင့် ဘဏ္ဍာရေးအကျပ်အတည်း တွေ့ကြုံနေရသော်လည်း ရီးယဲလ်မက်ဒရစ်အသင်းနှင့် မန်ယူအသင်း တို့အထက်တွင် ဆက်လက်ရပ်တည် နိုင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးကလပ်အသင်း ၂ဝ မှ ထိပ်ဆုံး ၁ဝ သင်းစာရင်းတွင် ဘာစီလိုနာအသင်း နောက်၌ ရီးယဲလ်မက်ဒရစ် အသင်းက ဒေါ်လာ ၈၆၄ သန်းဖြင့် အဆင့် (၂)၊ မန်ယူအသင်းက ဒေါ်လာ ၈၁၁ သန်းဖြင့် အဆင့် (၃)၊ ဘိုင်ယန်မြူးနစ်အသင်း က ဒေါ်လာ ၇၅၃ သန်းဖြင့် အဆင့် (၄)၊ ပီအက်စ်ဂျီ အသင်းက ဒေါ်လာ ၇၂၅ သန်းဖြင့် အဆင့် (၅)၊ မန်စီးတီးအသင်းက ဒေါ်လာ ၆၉၆ သန်းဖြင့် အဆင့် (၆)၊ လီဗာပူးအသင်းက ဒေါ်လာ ၆၈၉ သန်းဖြင့် အဆင့် (၇)၊ စပါးအသင်းက ဒေါ်လာ ၅၉၄ သန်းဖြင့် အဆင့် (၈)၊ ချယ်လ်ဆီးအသင်းက ဒေါ်လာ ၅၈၅ သန်းဖြင့် အဆင့် (၉) နှင့် ဂျူဗင်တပ်စ်အသင်းက ဒေါ်လာ ၅၂၄ သန်းဖြင့် အဆင့် (၁ဝ) နေရာ၌ အသီးသီး ရပ်တည်လျက်ရှိကြောင်း သိရသည်။