အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင်အသုံးပြုသည့် ပစ္စည်းများ လက်ဝယ်ကိုင်ဆောင် သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရာတွင်အသုံးပြုသည့် ပစ္စည်းများ လက်ဝယ်ကိုင်ဆောင် သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နေ ထွန်းထွန်းဦး(ခ)အီးတီ(ဘ)ဦးတင်၊ အမှတ်(၉)ရပ်ကွက်နေ သက်နိုင်(ဘ)ဦးတင်ရီ နှင့် အမှတ်(၃)ရပ်ကွက်နေ သူရဖြိုးဝေ(ဘ)ဦးကြည်ရွှင် တို့သည် အကြမ်းဖက်ဖောက်ခွဲ ရာတွင် အသုံးပြုသည့် ယမ်းစိမ်းများအား လက်ဝယ်ထားရှိမှုနှင့် ထိန်းသိမ်းထားရှိ ရာတွင် အားပေးကူညီမှုတို့ကိုပြုခဲ့ကြသည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်း များဆိုင်ရာ အက်ဉပဒေပုဒ်မ- ၄(ခ)/၆ အရ ဇန်နဝါရီ ၂၆ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် ၂၀ နှစ် ” ပြစ်ဒဏ်အား အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရ သည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထား ကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှု များဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။