လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီ၌ လောင်းကစား ဖွင့်လှစ်လုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်ရှင် ၂ ဦး၊ ဝန်ထမ်း ၉၆ ဦး၊ လောင်းကစားပြုလုပ်နေသူ ၆၂ ဦး စုစုပေါင်း ၁၆၀ ဦးတို့အား လောင်းကြေးငွေ ၂၄၉၀ သိန်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြန်မာတော်ဝင်ကျောက်စိမ်းစင်တာကုမ္ပဏီ၌ လောင်းကစား ဖွင့်လှစ်လုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်ရှင် ၂ ဦး၊ ဝန်ထမ်း ၉၆ ဦး၊ လောင်းကစားပြုလုပ်နေသူ ၆၂ ဦး စုစုပေါင်း ၁၆၀ ဦးတို့အား လောင်းကြေးငွေ ၂၄၉၀ သိန်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီ  ၂၇
    
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြန်မာတော်ဝင်ကျောက်စိမ်း စင်တာကုမ္ပဏီ၌ လောင်းကစားဖွင့်လှစ်လုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်ရှင် ၂ ဦး၊ ဝန်ထမ်း ၉၆ ဦး၊ လောင်းကစားပြုလုပ်နေသူ ၆၂ ဦး စုစုပေါင်း ၁၆၀ ဦးတို့အား လောင်းကြေးငွေ ၂၄၉၀ သိန်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဇန်နဝါရီလ ၂၅ ရက်နေ့က ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ ည ၉ နာရီအချိန်က လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာ၊ ပန်းလှိုင်ဂေါက်ကွင်းလမ်း၊ အမှတ်(၁၅၄)ရှိ မြန်မာတော်ဝင်ကျောက်စိမ်းစင်တာ ကုမ္ပဏီ၌ လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရာ “မြန်မာတော်ဝင်” ကျောက်စိမ်းစင်တာကုမ္ပဏီ၌ လောင်းကစားလုပ်ငန်းများဖွင့်လှစ်လုပ်ကိုင်နေသည့် ကုမ္ပဏီပိုင်ရှိင်များဖြစ်သည့် လားရှိုးမြို့၊ (၁၂)ရပ်ကွက်နေ သိန်းအောင်(၄၂)နှစ်နှင့် အောင်နိုင်ဝင်း (၄၃)နှစ်တို့ ၂ ဦး၊ အဆိုပါကုမ္ပဏီရှိ လောင်းကစားလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အမျိုးသားဝန်ထမ်း ၄၅ ဦး၊ အမျိုးသမီး ၅၁ ဦး ပေါင်း ၉၆ ဦး၊ လောင်းကစားပြုလုပ်နေသူ အမျိုးသား ၅၂ ဦး၊ အမျိုးသမီး ၁၀ ဦး ပေါင်း ၆၂ ဦး၊ စုစုပေါင်း ၁၆၀ ဦးတို့အား ကာစီနိုစားပွဲဝိုင်း  ၁၅ လုံး၊ ဖင်ထိုင်ခုံ ၇၅ လုံး၊ ဖဲချပ်မျိုးစုံ ၁၅၈၇ ချပ်၊ ငါးမန်းလောင်းကစားခုံ ၇ ခုံ၊ မာကျောက် လောင်းကစားကိရိယာ ၆ စုံ၊ အန်စာတုံး ၁၀ လုံး၊ အန်စာတုံးခေါက်ရာတွင် အသုံးပြုသည့်ပစ္စည်း ၅ စုံ၊ ဂဏန်းပေါင်းစက် ၁၅ လုံး၊ ငွေတန်ဖိုးများ ရေးသားထားသော တုံကင်ပြား ၁၅၀၀ ပြား၊ ကွန်ပျူတာ မော်နီတာ ၇ လုံး၊ ငွေရေစက်(အကြီး) ၁ လုံး၊ ငွေရေစက်(အသေး) ၁ လုံး၊ လောင်းကြေးငွေ စုစုပေါင်းငွေကျပ်သိန်း ၂၄၉၀ ကျပ်၊ အခြား  ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ 
    
ထိုသို့ ကျောက်စိမ်းစင်တာကုမ္ပဏီအမည်ခံကာ လောင်းကစားခြင်းများအား လုပ်ကိုင်ခဲ့ သည့်  သိန်းအောင်နှင့် အောင်နိုင်ဝင်းပါ ၂ ဦးနှင့်အတူ ဖမ်းဆီးရမိသူ ၁၆၀ ဦးတို့အား လှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်း(ပ)၉၈/၂၀၂၂၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉ (က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသတင်းရရှိသည်။