အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဇန်နဝါရီလ ၂၇
    
အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
    
ပြည်သူများအနေဖြင့် ယင်းတို့၏လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း ခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
    
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း “KO News- ကော့ကရိတ် ပွင့်လင်း သတင်းစဉ်” Facebook Page၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ အမှတ် B1/05 Y တွင် ဖွင့်လှစ်ထားသည့် FAMILY HOUSE ဒုတ်ထိုးဟော့ပေါ့ ဆိုင်ပိုင်ရှင် မပြည့်ဖြိုးဝေ (၃၄)နှစ်သည် ၎င်းအသုံးပြုသည့် “Family House- Stick pot” အမည် Facebook Page၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၃)ရပ်ကွက်၊ ချယ်ရီဥယျာဉ်အိမ်ရာ၊ အိမ်အမှတ် (၄၅/၂)နေ ဇော်မျိုးထွဋ် (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “Zaw Myo Htut” Facebookအကောင့်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်း(တောင်)ရပ်ကွက်၊ အမှတ်(၈၀/B)၊ မြေညီထပ်တွင် ဖွင့်လှစ် ထားသည့် “Gucci Aung”  မိတ်ကပ် အလှပြင်ဆိုင်ပိုင်ရှင် Gucci Aung(ခ) အောင်ကိုလင်း (၄၁)နှစ် သည် ၎င်းအသုံးပြုသည့် “Gucci Aung” Facebook အကောင့်၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်၊ မေတ္တာလမ်း၊ ပဒေသာဈေးတွင် ဖွင့်လှစ်ထားသည့် Kha Kha (ခခ)ကော်ပြန့်ပေါင်း ဆိုင်ပိုင်ရှင် မသဲနုခိုင် (၃၂)နှစ်သည် ၎င်းအသုံးပြုသည့် “ မမ သဲနု” Facebook အကောင့်၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရား အနောက်ဘက်မုဒ်တွင် ဗေဒင်ဟောခန်းဖွင့်လှစ် ထားသည့် ခိုင်ဦး(ခ) သာထက်ဆန်း (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “သာထက်ဆန်း” Facebook အကောင့်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၆၇)ရပ်ကွက်၊ ချင်းတွင်း(၃)လမ်း၊ အမှတ်(၆/၆၃)နေ မမြင့်မြင့်စိုး (၂၈)နှစ်သည် ၎င်းအသုံးပြုသည့် “စားမှာဘဲ ချဉ် ငံ စပ်” Facebook Page၊ တာမွေမြို့နယ် “Hello Mobile” ဖုန်းပြုပြင်ရေးဆိုင်ပိုင်ရှင်ဖြစ်သူ ဖြိုးမြင့်ဇော် (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် Phyo Myint Zaw” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ သူရိန်လမ်းကြား၌ ဖွင့်လှစ်ထားသည့် “SIP Café Club” ဆိုင်ပိုင်ရှင် မဝင်းဝင်းထွန်း၏ အစ်ကိုဖြစ်သူ ဝေလင်းထွန်း (၃၅)နှစ်သည် “SIP Café Club” Facebook Page၊ အောင်မြေသာစံမြို့နယ်၊ ဘုန်းတော်တိုးရပ်ကွက်နေ သူချစ်အောင်(ခ) ချစ်ညို (၂၉)နှစ်သည် ၎င်းအသုံးပြုသည့် “Thu Chit Aung” Facebook အကောင့်၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်နေ အောင်ကျော်ဇော(ခ) ကောင်းစံ (၂၅)နှစ်နှင့် ၎င်း၏ညီဖြစ်သူ ကျော်ညီညီသက် (ခ) ဖိုးညီ (၂၃)နှစ်တို့ ၂ ဦးသည် ၎င်းတို့ဖွင့်လှစ်ထားသည့် “Royal Boots Sneaker” Facebook Page နှင့် ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာနေ နိုင်လင်းစိုးသည် ၎င်းအသုံးပြုသည့် “Naing Lin Soe” Facebook အကောင့်တိုဖြင့် အသိပေးသတင်းထုတ်ပြန်ချက် အပေါ် မျက်ကွယ်ပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမှုလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
    
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။