ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၌ နွေစပါးစေ့ထုတ်စိုက်ခင်းကွင်း လက်တွေ့ သရုပ်ပြ စိုက်ပျိုး

ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၌ နွေစပါးစေ့ထုတ်စိုက်ခင်းကွင်း လက်တွေ့ သရုပ်ပြ စိုက်ပျိုး

နေပြည်တော်၊ ဇန်နဝါရီ - ၂၇
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဒေသခံတိုင်းရင်းသားတောင်သူများ စပါးစိုက်ပျိုးရေး လုပ်ငန်းများတွင် စပါးမျိုးကောင်းမျိုးသန့်များရရှိစေရန် စိုက်ပျိုးရေးနည်းစနစ်များ စနစ်တကျရရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ နွေစပါးစေ့ထုတ်စိုက်ခင်းကွင်းလက်တွေ့သရုပ်ပြ စိုက်ပျိုးပြသခြင်း အခမ်းအနားကို ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၌ ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ပြည်နယ်အဆင့်တာဝန် ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း က သီးနှံစိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေတို့အား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသား တောင်သူများအား သွင်းစုအားများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လက်တွေ့သရုပ်ပြစိုက်ပျိုး နေမှုနှင့် အီးအမ်ဘိုကာရှိ မြေဆွေးဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုကာ ဒေသ ခံတိုင်းရင်းသား တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။