နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော် အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော် အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၇
            
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဉက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ် ချုပ်မှူးကြီးစိုးဝင်း သည် ယနေ့ နံနက်ပိုင်းတွင်  ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေ ပွဲတော်  အတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှု စစ် ဆေး သည်။
          
ရှေးဉီးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဉက္ကဋ္ဌ  ဒုတိယ ဝန်ကြီး ချုပ် ဒုတိယ ဗိုလ် ချုပ်မှူးကြီးစိုးဝင်း အား  ပြည်ထောင်စုဝန်ကြီး ဉီးမောင် မောင် အုန်း၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဉီးမင်းသိန်းဇံ နှင့် နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်တို့က လူငယ်နှင့် စာပေပွဲတော် ကျင်းပမည့် အစီ အစဉ် နှင့် ပြခန်းများ ခင်းကျင်းပြသထားမှုကို ရှင်းလင်းတင်ပြကြသည်။
          
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ  ဒုတိယ ဝန်ကြီး ချုပ် ဒုတိယ ဗိုလ် ချုပ်မှူးကြီးစိုးဝင်း  သည် ဝန်ကြီးဌာန အလိုက် ခင်းကျင်း ပြသမည့် ပြခန်းများ၊ မြန်မာနိုင်ငံလေကြောင်းပညာရပ်ဆိုင်ရာ ပြခန်းများကို ကြည့်ရှု စစ်ဆေးကာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ခင်းကျင်းပြသရန် နှင့် လုံခြုံရေး ဂရုပြုဆောင်ရွက်ရန် မှာ ကြားသည်။
          
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ  ဒုတိယ ဝန်ကြီး ချုပ် ဒုတိယ ဗိုလ် ချုပ်မှူးကြီးစိုးဝင်း  သည် နေပြည်တော် ဝဏ္ဏသိဒ္ဓိအား ကစားကွင်း (B) ရုံသို့ ရောက်ရှိပြီး ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ မည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ဗိုဗီနမ်၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊ လက်ရွေးစင်အားကစား အဖွဲ့များ၏ သရုပ်ပြလေ့ကျင်နေမှုနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများ၏ Fitness Dance သရုပ်ပြ ဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအား ပေးသည်။
          
စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန နှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ကျောင်းသား ၊ ကျောင်းသူများ ၊ လူငယ်များနှင့် ပြည်သူများ ဗဟုသုတရရှိစေမည့် မြန်မာနိုင်ငံ၏ သမိုင်းဝင် စာချုပ် စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများ ပြခန်း၊ စာပေတိုက်အသီးသီးက  ထုတ်ဝေ ထားသည့် စာအုပ်စာစောင်များနှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိများ ပြခန်း၊ ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ အသိပညာပေးပြခန်း၊ ရေကြောင်းပညာရပ်၊ လေ ကြောင်းပညာရပ်ဆိုင်ရာ အသိပညာပေးပြခန်းများ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ အသိပညာပေးပြခန်း ၊ ပန်းချီ ၊ အနုပညာပြခန်း စသည်ဖြင့် ပြခန်းပေါင်း ၄၀ ကျော် ခင်းကျင်းပြသမည်ဖြစ်ကာ  မြန်မာအသံနှင့် ရုပ်မြင်သံကြားနှင့် အနုပညာဉီးစီးဌာန မှ အနုပညာရှင်များ၊ ကျောင်းသားကျောင်းသူများ၏ ဖျော်ဖြေမှုအစီအစဉ်များ လည်း ပါဝင် ကြောင်းနှင့် ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ  မည်သူ မဆို လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း  သိရသည်။